Monday, July 17, 2017

မြိတ်မြို့၌ စက်သုံးဆီဆိုင် မီးလောင် ရှစ်တန်းကျောင်းသားတစ်ဦး သေဆုံး

မြိတ်မြို့တွင် စက်သုံး ဆီဆိုင်တစ်ဆိုင် မီးလောင်ကာ ရှစ်တန်းကျောင်းသားတစ်ဦး သေ ဆုံးမှု ဇူလိုင် ၁၆ ရက်က ဖြစ်ပွား ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ မြိတ်မြို့အဝင် ကျောက်ဖြူ တောင်လမ်းဆုံမှ ဆီဆိုင်တစ်ဆိုင် မီးလောင်မှု ဇူလိုင် ၁၆ ရက်နေ့ လယ် ၁ နာရီခန့်က ဖြစ်ပွားခဲ့သည်။ ဆီဘောက်ဆာကားဖြင့် ဆီဖြည့်နေစဉ် မီးစတင်လောင် ကျွမ်းခြင်းဖြစ်ပြီး အသက် (၁၄) နှစ်အရွယ် ရှစ်တန်းကျောင်းသား မီးလောင် သေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။ ‘‘ဆီထည့်တဲ့ အချိန်မှာ ရှော့ခ်ဖြစ်ပြီး မီးလောင်သွားတာ။ မီးလောင်တော့ အိမ်ပါလောင် သွားတယ်။ ကျောင်းသားလေး တစ်ယောက် သေဆုံးသွားတယ်’’ ဟု ရဲမှူးကြီးနေမျိုးက ပြောသည်။ နာရီဝက်ခန့်ကြာလောင် သော မီးကြောင့် ဆီဆိုင်နှင့်တွဲ နေသော လူနေအိမ်တစ်လုံးပါ လောင်ကျွမ်းပြီး မီးသတ်ကား ဆယ်စီးခန့်ဖြင့် ငြှိမ်းသတ်ခဲ့သည်။ ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့ က စိစစ်နေဆဲဖြစ်ကာ အမှုဖွင့် အရေးယူထားကြောင်း မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 7Day News Journal

No comments:

Post a Comment