Wednesday, July 26, 2017

တရုတ်နှင့် ပိုမိုခိုင်မာသည့် ဆက်ဆံရေး ထူထောင်ရန် ဖိလစ်ပိုင်သမ္မတ ကတိပြု

တရုတ်နဲ့ ပိုမိုခိုင်မာတဲ့ နှစ်နိုင်ငံဆက်ဆံရေး ထူထောင်ဖို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဇူလိုင် ၂၅ ရက်မှာ ကတိပြုပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တွေ့ဆုံခဲ့ရာမှာ ‘ကမ္ဘာပေါ်မှာ တရုတ်ရဲ့ အနေအထားနဲ့ လွှမ်းမိုးမှုကို ဖိလစ်ပိုင်အနေနဲ့ အလွန်အလေးထားပါကြောင်း၊ တရုတ်နဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ လိုလားပါကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားသွားတာပါ။ေ နာက်ပြီး ဖိလစ်ပိုင်အစိုးရရဲ့ အကြမ်းဖက်တန်ပြန်တိုက်ဖျက်ရေး လုပ်ငန်းတွေအပေါ် တရုတ်ရဲ့ထောက်ခံမှုကို အလွန်ကျေးဇူးတင်တယ်လို့လည်း ဒူတာတေးက ပြောကြားပါတယ်။ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်ပိုင်နက် အငြင်းပွားနေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ‘ထိပ်တိုက်တွေ့ဆုံတာထက် စေ့စပ်ဆွေးနွေးခြင်းက ပိုကောင်းတယ်။ ပဋိပက္ခဖြစ်တာထက် ပူးပေါင်းဆောင်ရွက်တာက ပိုကောင်းတယ်” လို့ ပြောကြားသွားပါတယ်။

No comments:

Post a Comment