Wednesday, July 26, 2017

တိုက်စစ်မှူး ဂျရူး အာဆင်နယ်တွင် ဆက်ရှိမည်ဟု နည်းပြ အာစင်ဝင်းဂါး ပြော

အာဆင်နယ်တိုက်စစ်မှူး ဂျရူးဟာ အသင်းမှာ ဆက်ရှိနေပြီး သူ့ရဲ့ တိုက်စစ်မှူးနေရာအတွက် တိုက်ပွဲဝင်သွားဖို့ ရှိနေတယ်လို့ နည်းပြ အာစင်ဝင်းဂါးက ပြောလိုက်ပါတယ်။ ဂျရူးဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ပွဲ ၁၁ ပွဲသာ ကစားခဲ့ရပြီး မကြားသေးခင်က အပြောင်းအရွှေ့မှာ အာစင်ဝင်းဂါးအနေနဲ့ လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို ခေါ်ယူခဲ့တာကြောင့် လာမယ့်ရာသီမှာလည်း ပွဲထွက်ကစားခွင့် မသေချာတဲ့ အနေအထားမှာ ရှိနေခဲ့တာပါ။ ဒါပေမယ့် ဂျရူးအနေနဲ့ သူ့ရဲ့ခြေစွမ်းကို ပြသလိုနေပြီး နည်းပြကလည်း ဆက်ရှိနေဖို့ မျှော်လင့်နေတာပါ။ ဂျရူးကို ပရီးမီးယားလိဂ် အသင်းတသင်းဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ ဂျာမန်ကလပ် ဒေါ့မွန်တို့က ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း အခုထက်ထိတော့ အတိအလင်း ဆက်သွယ်လာခဲ့ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် နည်းပြ အာစင်ဝင်းဂါးကတော့ ဂျရူးနဲ့ လာကာဇက်တီတို့ ၂ ဦးစလုံးကို တလှည့်စီ အသုံးပြုသွားမယ်လို့ ပြောကြားထားပါတယ်။

No comments:

Post a Comment