Thursday, July 27, 2017

ဗင်နီဇွဲလားနိုင်ငံတစ်ဝန်း မာဒူရိုကို ဆန့်ကျင်သော သပိတ်မှောက်မှုများကို အတိုက်အခံများက နှစ်ရက်ကြာ ဆင်နွှဲမည်

ဗင်နီဇွဲလားနိုင်ငံ တွင် အာဏာရှင်စနစ် တရားဝင် ဖြစ်လာစေမည့် စူပါလွှတ်တော် တစ်ရပ်တည်ထောင်ရေး ယခုသီ တင်းပတ်ကုန်၌ ရွေးကောက်ပွဲ ကျင်းပမည့် အစီအစဉ်ကို သမ္မတမာဒူရိုက စွန့်လွှတ်ရေး ဖိအားပေးရန် နောက်ဆုံးကြိုးပမ်းမှုအဖြစ် ရန်သူတော် အတိုက်အခံများက နိုင်ငံတစ်ဝန်း နှစ်ရက်ကြာ သပိတ်မှောက်မှု စတင်မည်ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ၂၄ နာရီကြာ သပိတ်မှောက်မှုတွင် လူသန်းနှင့်ချီပါဝင်ခဲ့ပြီး စီးပွားရေး လုပ်ငန်းများ ပိတ်ထားခဲ့ရကာ လူအများအပြင်မထွက်ဘဲ နေကြ ရပြီး နိုင်ငံတစ်ဝန်း ဒေသများစွာ၌ လူသူကင်းမဲ့ (သို့မဟုတ်) အတား အဆီးများ ချထားခဲ့သည်။ မာဒူရိုမတိုင်မီ ခေါင်းဆောင်ဟူရိုချားဗက်ဇ်လက်ထက်က ဆိုရှယ်လစ်ပါတီ၏ လောင်းရိပ်အောက်တွင် နှစ်များစွာကြာခဲ့ပြီး နောက်  ထောက်ခံမှု အများစုရရှိ ထားသည့် အတိုက်အခံများက ဖွဲ့ စည်းပုံဆိုင်ရာ လွှတ်တော်ဖွဲ့စည်း ရန် မာဒူရိုစီစဉ်ခြင်းသည် ၎င်း အာ ဏာဆက်လက် တည်မြဲစေရန် ရည်ရွယ်သည့် လုပ်ရပ်ဖြစ်သည် ဟု ပြောသည်။



မာဒူရို (၅၄)နှစ်သည် တနင်္ဂ နွေနေ့ရွေးကောက်ပွဲကို အမေရိ ကန်၏ စီးပွားရေးပိတ်ဆို့ရန် ခြိမ်း ခြောက်မှုအပါအဝင် ပြည်ပနှင့် ပြည်တွင်း၌ ပြင်းထန်သော ဖိအား များရှိနေသော်လည်း ဆက်လက် ကျင်းပသွားမည်ဟု အခိုင်အမာ ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်ရေးဆွဲခွင့်ရရှိမည့် အမတ်နေရာ ၅၄၅ နေရာပါရှိသော လွှတ်တော်တည်ထောင်ရေး ရွေးကောက်ပွဲသည် သာမန်ပြည်သူ များ အာဏာရလာရန် ရည်ရွယ်သည်ဟု မာဒူရိုကပြောသည်။

 ပြီးခဲ့သည့် သီတင်းပတ် သပိတ်မှောက်မှုအတွင်း တပ်ဖွဲ့ ဝင်များက မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်များဖြင့် ပစ်ခတ် ကာ လူစုခွဲရန် ကြိုးစားခဲ့ရာ လူ ငါးဦး သေဆုံးခဲ့သည်။

မာဒူရိုကို ဆန့်ကျင်သောဆန္ဒပြပွဲများ ဧပြီလဆန်းက စတင်ခဲ့ပြီးနောက် သေဆုံးသူ ၁၀၀ ကျော်ရှိပြီဖြစ်သည်။

—Ref: Reuters

No comments:

Post a Comment