Wednesday, July 26, 2017

ရန်ကင်းကလေးဆေးရုံမှာတက်ရောက်နေတဲ့ ၃ နှစ်နဲ့ ၅ နှစ်အရွယ်ကလေးနှစ်ဦး မှာ ရာသီတုပ်ကွေး H1N1 နဲ့ ရာသီတုပ်ကွေး H3N2 တွေ့ 

ရန်ကင်းကလေးဆေးရုံမှ ကလေးနှစ်ဦးကို သံသယရှိလို့ စစ်ဆေးကြည့်ရာမှာ ရာသီတုပ်ကွေး H1N1 ရောဂါနဲ့ ရာသီတုပ်ကွေး H3N2 ရောဂါပိုးတွေ့ ရှိလို့ အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာသာထွန်းကျော်က ပေါ်ပြူလာနယူးစ်ကို အတည်ပြုပြောပါတယ်။ ” သူတို့ လည်း ရောဂါလက္ခဏာပြလို့ သံသယရှိတာနဲ့ စစ်ဆေးကြည့်တော့ အခုလိုတွေ့ တာပါ။ သူတို့ နှစ်ဦးကိုပဲ သံသယရှိလို့ စစ်တာပါ။ အခု အခြေအနေကောင်းနေပါတယ်လို့ ရန်ကင်းဆေးရုံအုပ်ကြီးက ကျွန်တော့်ကိုပြောပါတယ်” လို့ သူကပြောပါတယ်။ ရာသီတုပ်ကွေး H1N1 Positive တွေ့ ရှိတဲ့ ကလေးငယ်ဟာ စမ်းချောင်းမြို့ နယ်က ၃ နှစ်၁လ အရွယ် ကလေးငယ်ဖြစ်ပြီး ရာသီတုပ်ကွေး H3N2 Positive တွေ့ ရှိရတဲ့ ကလေးငယ်ကတော့ သက္ကလမြို့ နယ်က ၅ နှစ် ၆ လအရွယ်ကလေးငယ်ဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ရန်ကင်းကလေးဆေးရုံမှာ ယင်းကလေးငယ်နှစ်ဦးသာရောဂါပိုးတွေ့ ရှိထားပြီး သံသယရှိရင်တော့ စစ်ဆေးသွားမယ်လို့ သိရပါတယ်။ြ ဖိုးထက်အောင်

No comments:

Post a Comment