Thursday, July 27, 2017

ပုသိမ်မြို့တွင် H1N1 ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းမျက်နှာဖုံးများ လိုက်ဝေ

ပုသိမ်မြို့မှာ ဒီကနေ့ နံနက်ပိုင်းကစတင်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေက H1N1 တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် လူစည်ကားရာ နေရာတွေမှာ နှာခေါင်းစည်း Mask နဲ့ လက်ကမ်းစာစောင်တွေ လိုက်ဝေနေပါတယ်။ ပုသိမ်မြို့မှာ မနေ့က H1N1 လူနာတွေ့ရှိခဲ့တယ်လို့ ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးက အတည်ပြုပြောထားပြီး  မြို့နေလူထုတွေကလည်း Mask တွေ တပ်ဆင်သွားလာနေကြပါတယ်။  သော်ဇင်မျိုး

No comments:

Post a Comment