Thursday, July 27, 2017

H1N1 ထိန်းချုပ်ရေး အလုပ်ရုံဆွေးနွေးပွဲ ဇူလိုင် ၃၀ ရက်တွင် ပြုလုပ်မည်

H1N1  ဖြစ် ပွားမှုကာကွယ်၊ ကုသ၊ထိန်းချုပ်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေး ပွဲကို ဇူလိုင် ၃၀ ရက်တွင် ရန်ကုန် သူနာပြုတက္ကသိုလ်၌ပြုလုပ်မည်ဖြစ် ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသန်းထွန်းအောင်က ပြောသည်။ ဇူလိုင် ၂၆ ရက်တွင် နေပြည် တော်ရှိကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သော (H1N1 pdm-2009,Positive)ဖြစ်ပွားမှုကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ဌာနတွင်းအစည်းအ ဝေးအပြီးတွင်သတင်းထောက်များ မေးမြန်းမှုကို ၎င်းင်းကပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။ ""ကျွန်တော်တို့အခုဟာကကပ်  ရောဂါမဟုတ်ပါဘူး။ အရေးပေါ်အ ဆင့်ထိမရောက်သေးပါဘူး။ ဖြစ်ပွားမှု ကတော့များတယ်။
ဒါအတွက်လည်း လူထုကစိုးရိမ်နေတာမှန်ပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနတစ်ခုလုံး ရော ပြည်သူ့ကျန်းမာရေးကရော၊ ကာကွယ်ရေးလုပ်ငန်းရော၊ ကုသရေး ရောဝိုင်းဝန်းပြီးအကုန်လုံးတိုင်ပင် ပြီးကြိုးစားနေတယ်။လိုအပ်တဲ့ပစ္စည်း တွေရောဆေးဝါးတွေရော စုဆောင်း ပြီးတော့မှ SOP ဂိုက်လိုင်းထုတ်မယ်။ ပြီးရင်ပညာရှင်တွေရော ဌာနဆိုင် ရာရောဒါကိုထိန်းချုပ်ဖို့ ပြည်ထောင် စုဝန်ကြီးကိုယ်တိုင်သွားပြီးလုပ်ပေး မယ်။အမျိုးသားအဆင့်ဆွေးနွေးပွဲ ပေါ့""ဟုဒေါက်တာသန်းထွန်းအောင် ကပြောသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲ တွင် ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနနှင့်အတူ WHO ကမ္ဘာ့ကျန်း မာရေးအဖွဲ့မှတာဝန်ရှိသူများ၊ ပညာ ရှင်များ၊ ပညာရေးဝန်ကြီးဌာန၊ ဟို တယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ လေဆိပ်၊ ရေဆိပ်စသဖြင့် သက် ဆိုင်ရာဌာနများပါဝင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း H1N1  ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာသို့ WHO မှတစ်ဆင့်ပို့မည်ဖြစ်ပြီးထိုမှတစ်ဆင့်ကမ္ဘာ့ကျန်း မာရေးအဖွဲ့မှတစ်ဆင့်အိမ်နီးချင်း   နိုင်ငံများသို့ အကြောင်းကြားရပြီး၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံ
များသို့ဖြန့်ဝေပြီးပါက နိုင်ငံတကာမှအကူ အညီများရရှိလာမည်ဖြစ်ကြောင်း သိရသည်။
MP

No comments:

Post a Comment