Wednesday, July 26, 2017

အိန္ဒိယတွင် ၂၀၁၇ ခုနှစ်အတွင်း H1N1 တုပ်ကွေးကြောင့် သေဆုံးသူ ၆၂၃ ဦးထိရှိ

အိန္ဒိယနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း H1N1 တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၆၂၃ ဦးထိ ရှိသွားပြီလို့ ဒေသခံသတင်းတွေက ဖော်ပြထားပါတယ်။ ဇူလိုင် ၁၆ ရက်နေ့ထိ အိန္ဒိယနိုင်ငံတဝန်းမှာ H1N1 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃,၁၈၈ ရှိပြီး သေဆုံးသူ ၆၃၂ ဦး ရှိသွားခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယတောင်ပိုင်း တမီလ်နာဒူပြည်နယ်မှာ ရောဂါကူးစက်ခံရသူ ၃၀၀၀ ရှိပြီး တနိုင်ငံလုံးမှာ ကူးစက်ခံရသူ အများဆုံးဖြစ်ပါတယ်။ မဟာရက်ထရာ (Maharashtra) ပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၂,၃၇၈ ဦး ထိရှိပြီး သေဆုံးသူ အယောက် ၃၀၀ ရှိကာ သေဆုံးသူအများဆုံးပြည်နယ် ဖြစ်ပါတယ်။



ဂူဂျာရတ်ပြည်နယ်မှာ ရောဂါဖြစ်ပွားသူ ၂၈၉ ဦးရှိပြီး သေဆုံးသူ ၇၅ ဦးရှိပါတယ်။

မြို့တော်ဒေလီမှာတော့ ဇူလိုင် ၉ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၂၄၁ ဦးရှိပြီး သေဆုံးသူ ၄ ဦးရှိပါတယ်။

အိန္ဒိယနိုင်ငံမှာ အခုနှစ် H1N1 ဗိုင်းရပ်စ် ကူးစက်ခံရသူနဲ့ သေဆုံးသူဦးရေဟာ မနှစ်ကထက် များစွာပိုခဲ့တာ ဖြစ်ပါတယ်။

မနှစ်က အိန္ဒိယမှာ ရောဂါဖြစ်ပွားသူ ၁,၇၈၆ ဦးရှိပြီး ၂၆၅ ဦး သေဆုံးခဲ့တယ်လို့ အိန္ဒိယ ဇီးသတင်းဌာန (Zee News) က ဖော်ပြထားပါတယ်။

No comments:

Post a Comment