Thursday, July 27, 2017

H1N1 ရောဂါကြောင့် မြန်မာကို အိမ်နီးချင်းနိုင်ငံများ ပြည်ဝင်ခွင့် ပိတ်သည့်သတင်း မဟုတ်မှန်၊အဝင် အထွက်ပုံမှန်သာရှိနေ၊ လေဆိပ်တွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိ

H1N1  ရောဂါနှင့် ကြက်ငှက်တုပ်ကွေးရော ဂါဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံကို အိမ်နီးချင်းနိုင်ငံများမှ ပြည်ဝင်ခွင့် ပိတ်ပင်သည့်သတင်း ဟုတ်မှန်ခြင်း မရှိဘဲ ပြည်အဝင်အထွက်ပုံမှန်သာ ရှိနေပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်လေဆိပ် လဝကတာဝန်ခံ ဒုတိယညွှန်ကြား ရေးမှူးဦးအောင်သီဟက ဇူလိုင် ၂၆ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။ ""အိမ်နီးချင်းနိုင်ငံတွေက ပြည်ဝင်ခွင့် ပိတ်လိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ ပိတ်လိုက်တယ်ဆိုပြီး အစ်ကိုတို့ကိုလည်း အသိတွေက အစ တောက်လျှောက်မေးနေကြတယ်။ ဘယ်နိုင်ငံမှမပိတ်ပါဘူး။ သွားနေ ကြတာပါပဲ။ တစ်ခုတော့ရှိတာပေါ့ နော်။ လေဆိပ်မှာတော့ Mask တို့၊ လက်အိတ်တို့၊ စက်တို့နဲ့တော့ အစ်ကိုတို့စစ်ပေးနေတယ်။ အဲဒီလို မျိုး စင်ကာပူတို့၊ ထိုင်းတို့၊ မလေး ရှားတို့သွားလို့ လက်မခံဘဲပြန်လွှတ် လိုက်လို့ ပြန်လာရတဲ့သူတော့တစ် ယောက်မှမရှိပါသေးဘူး။ အခု အချိန်ထိတော့ဘာမှမရှိဘူး။ အဝင် ရောအထွက်ပါပုံမှန်ပါပဲ""ဟု ဦးအောင် သီဟက ဒီမိုကရေစီတူဒေးသို့ ပြော သည်။

ယင်းအပြင် မြန်မာနိုင်ငံသို့ဝင် ရောက်နေသည့် နိုင်ငံခြားသားခရီး သွားအဝင်အထွက်သည်လည်း ပုံ မှန်သာဖြစ်ပြီး ပြည်ဝင်လာသည့် နိုင်ငံခြားသားများကိုလည်း လေ ယာဉ်ပေါ်မှဆင်းသည့် ဝင်ပေါက် တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ယခင်အီဘိုလာစစ်ဆေးသည့်နည်း အတိုင်း ကွန်ပျူတာစနစ်ဖြင့်စစ်ဆေး မှုများကို တောက်လျှောက်ပြုလုပ် နေကြောင်း ဦးအောင်သီဟက ဆက် လက်ပြောသည်။
""အရင်အီဘိုလာတုန်းကတည်း က အဲဒီစက်တွေကထားထားတာ။ အဲဒါတွေနဲ့ အခုတောက်လျှောက် ကျန်းမာရေးအဖွဲ့တွေက ပြန်ပြီး တင်းတင်းကျပ်ကျပ်ပြန်စစ်နေတာ ပေါ့။ အဲဒါတွေကိုပြီးခဲ့တဲ့ တနင်္ဂနွေ နေ့(ဇူလိုင် ၂၃ ရက်)က စပြီးလုပ် တာပါ""ဟု ၎င်းင်းက ဆိုသည်။
လက်ရှိတွင်လည်း အဆိုပါ ရောဂါကြောင့် ဇူလိုင် ၂၆ ရက် နံနက်ပိုင်းတွင် တစ်ဦးထပ်မံသေ ဆုံးခဲ့ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် စုစုပေါင်းသေဆုံးသူ သုံးဦးရှိပြီ ဖြစ်ကြောင်း သိရသည်။ ယင်းရောဂါလက္ခဏာကြောင့် ဆေးကုသမှုခံယူနေရဆဲလူနာများ လည်းရှိနေပြီး ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနကလည်း လိုက် နာရမည့်သတိပေးချက်များကို ထုတ်ပြန်ထားသည်။  

No comments:

Post a Comment