Thursday, July 27, 2017

H1N1 ကူးစက်ခံရသူများထဲမှ တစ်ဦးထပ်မံသေဆုံး

ရန်ကုန်ဆေးရုံကြီးတွင် ရာသီတုပ်ကွေး (Seasonal Influenza A (H1N1) 2009) ရောဂါ ကူးစက်ခံရသူများထဲမှ ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီကအမျိုးသားတစ်ဦး ထပ်မံသေဆုံး ရာ လက်ရှိအချိန်အထိ သေဆုံးသူစုစုပေါင်း သုံးဦးရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနက ထုတ်ပြန်သည်။ေ သဆုံးခဲ့သည့် လူနာသည် ဧရာဝတီတိုင်းဒေသကြီးနေ အသက် (၄၃)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဇူလိုင် ၂၂ ရက်ကစတင်ကာ ရန်ကုန်ဆေးရုံကြီးတွင် H1N1ရောဂါဖြင့် ဆေးကုသမှုခံယူနေ စဉ် ပြင်းထန်အဆုပ်ရောင်ရောဂါ ဖြင့် ယမန်နေ့က သေဆုံးခဲ့ခြင်း ဖြစ်သည်။ ‘‘သေဆုံးသူမှာ H1N1 ပိုး တွေ့ပါတယ်။ အမျိုးသားလူနာ ပါ။ အခုသေဆုံးတဲ့သူက ဖျာပုံ ဆေးရုံကနေပြီးတော့ လွှဲလိုက် တာဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက် တာဝင်းလွင်က ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ ဇူလိုင် ၅ ရက်က စ၍ ဇူလိုင် ၂၆ ရက်အထိ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ရာသီတုပ် ကွေး (Seasonal Influenza A(H1N1) Pdm 2009) ရောဂါ လူနာ ၂၀ ဦးအနက် သုံးဦးသေဆုံးခဲ့သည်။ ရန်ကုန်မြို့ရှိ ဆေးရုံကြီးများတွင် ပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင် ရောဂါဖြင့် လူနာစုစုပေါင်း ၂၁ ဦးအား ကုသပေးခဲ့ရာ၁၀ ဦးမှာ H1N1 pdm 2009 ရောဂါဖြစ်ပွားနေကြောင်း တွေ့ရှိရသည်။ ရောဂါဖြစ်ပွားခဲ့သည့် နေရာဒေသများမှာ ချင်းပြည်နယ်၊ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့ဖြစ်ကြသည်။
ချင်းပြည်နယ်မှ H1N1 ဖြစ်ပြီး သေဆုံးသူတစ်ဦးသည် အဆိုပါ ရာသီတုပ်ကွေး (Seasonal Influenza A (H1N1) pdm2009) ရောဂါကြောင့်မဟုတ်ဘဲ ပြင်းထန်အဆုတ်ရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ သို့သော် ၎င်းကိုပါH1N1 ရောဂါဖြစ်ပွားပြီးနောက် သေဆုံးသူ စာရင်းထဲထည့်လျှင် လေးဦးရှိမည်ဖြစ်သည်။
‘‘H1N1 ကြောင့် သေတာ သုံးဦးရှိပြီ။ ချင်းပြည်နယ်မှာ တစ် ယောက်က နမိုးနီးယား (ပြင်းထန်အဆုတ်ရောင်) ကြောင့် အပြင်း ဖျားလို့သေတာပါ။ ဖြစ်တဲ့လူနာ ကတော့ အခုအချိန်ထိ ၂၀ ရှိသွား ပြီ။ အဲဒီထဲကမှ ချင်းပြည်နယ်က ဖြစ်တဲ့သူတွေကတော့ သက်သာ သွားပြီ။ ရန်ကုန်မှာတော့ လူနာ ခုနစ်ဦးရှိတယ်။ ဆေးကုသမှုခံယူ နေပါတယ်’’ဟု နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။
အလားတူ ဇူလိုင် ၁၄ ရက် စ၍ ရန်ကင်းကလေးဆေးရုံတွင် လတ်တလော ပြင်းထန်အသက် ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးကုသမှုခံယူနေသော ကလေးငယ်နှစ်ဦးကို H1N1 သံသယရှိ သဖြင့် ဓာတ်ခွဲစစ်ဆေးရာ ဇူလိုင် ၂၆ ရက်တွင် တစ်ဦး၌ H1N1ပိုးနှင့် ကျန်တစ်ဦးတွင် H3N2 ပိုးတွေ့ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၀၁ က တည်းက ယင်းရောဂါ စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၉ တွင် ရောဂါဖြစ်ပွားသူ တစ်နိုင်ငံလုံး၌ ၁၇၆ ဦးရှိသည်။ ယင်းရောဂါသည် ရာသီတုပ်ကွေးဟုဆိုသော်လည်း နောက်ဆက်တွဲရောဂါများအဖြစ် ဦးနှောက်ရောင်ရောဂါနှင့် ပြင်း ထန်အဆုတ်ရောင်ရောဂါများ ဖြစ်ပွားနိုင်ကာ အသက်ဆုံးရှုံး သည်အထိ ဖြစ်ပေါ်နိုင်သည်။
7Day News Journal

No comments:

Post a Comment