Thursday, July 27, 2017

H1N1 ကာကွယ်ဆေး ထိုးသင့်၊ မသင့် ရက်ပိုင်းအတွင်း ဆုံးဖြတ်မည်

ရာသီတုပ်ကွေးရောဂါ (H1N1) ထိန်းချုပ်ရန် ကာကွယ်ဆေး ထိုးသင့်၊ မသင့် ဇူလိုင်လ ၃၀ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် ဆေးပညာရှင်များ ဆွေးနွေး၊ ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောကြားသည်။ ကာကွယ်ဆေးထိုးခြင်းသည် ကောင်းကျိုး၊ ဆိုးကျိုးများရှိနေရာ ဆေးပညာရှင် အသိုင်းအဝိုင်းတွင် ထိုးသင့်၊ မသင့် အငြင်းပွားဖွယ် ဖြစ်နေသဖြင့် ယင်းသို့ ဆုံးဖြတ်ရန်နှင့် လူထုအတွင်း မပြန့်ပွားစေရန်၊ ကျန်းမာရေး ဝန်ထမ်းများကို ကာကွယ်ရန် ဆွေးနွေးကြမည်ဖြစ်သည်။

“ကာကွယ်ဆေးကတော့ လှူတာတွေ ရှိပါတယ်။ တရုတ်ပြည်ကလည်း လှူမယ်လို့ ကမ်းလှမ်းတာ ရှိပါတယ်။ ဒါတွေကို လေ့လာနေဆဲပါ”ဟု ဒေါက်တာ သန်းထွန်းအောင်က ပြောကြားသည်။
လက်ရှိတွင် ဇူလိုင်လ ၂၆ ရက် မွန်းလွဲပိုင်းအထိ စာရင်းက ပြည်သူ ၂၀ ကျော် ရာသီတုပ်ကွေးရောဂါ ကူးစက်ခံရပြီး ယင်းအနက် လေးဦး သေဆုံးသွားပြီဖြစ်သည်။
H1N1 ကာကွယ်ကုသရေးဆိုင်ရာ အမျိုးသားအဆင့် အစည်းအဝေးကို ဇူလိုင်လ ၃၀ ရက်တွင် ရန်ကုန်မြို့၊ သူနာပြုတက္ကသိုလ်တွင် ပြင်ပ ဆေးပညာရှင်များ၊ သမားတော်များ၊ ဆေးတက္ကသိုလ် ပါမောက္ခများ၊ ဝန်ကြီးဌာန တာဝန်ရှိသူများ စုဝေးပြုလုပ်မည်ဖြစ်သည်။
The Voice

No comments:

Post a Comment