Wednesday, July 26, 2017

H1N1 နဲ့ ပတ်သတ်တဲ့သတင်းအချက်အလက်တွေကို နေ့စဉ်ညနေ ၄ နာရီထိုးတိုင်း သတင်းထုတ်ပြန်ပေးမည်ဟုဆို

H1N1 နဲ့ ပတ်သတ်တဲ့သတင်းအချက်အလက်တွေကို နေ့ စဉ်ညနေ ၄ နာရီမှာ ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ပြီး လတ်တလောပေါ်ထွက်နေတဲ့ H1N1 နဲ့ နောက်ထပ်လူနာ တစ်ဦးသေဆုံးသွားတယ်ဆိုတဲ့ သတင်းကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ သဘာဝဘေး/ကူးစက်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။ '' ကျွန်တော်တို့ အခု စာရင်းကောက်နေဆဲဖြစ်ပါတယ်။အတည်ပြုနေဆဲပါ။ ဟုတ်မဟုတ်မပြောနိုင်သေးဘူး။ ညနေ ၄ နာရီကျ ကျွန်တော်တို့ နေစဉ်ထုတ်ပြန်ပေးပါမယ် '' လို့ သူကပြောပါတယ်။
လက်ရှိမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အတွင်းလူနာအဖြစ် တက်ရောက် ကုသနေတဲ့ သံသယရာသီ တုပ်ကွေး ရောဂါလူနာ (၁၂)ဦးထံမှ နှာခေါင်းတို့ဖတ် (Nasopharyngeal Swab)ရယူပြီး အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဗဟိုဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာမှာ လူနာ(၃)ဦးမှာ Seasonal Influenza A (H1N1) pdm 2009-Positive ဖြစ်နေတယ်လို့ ထပ်မံစစ်ဆေးတွေ့ရှိ ရတယ်လို့  မနေ့ ညက ပြည်သူ့ ကျန်းမာရေးဦးစီးဌာနကထုတ်ပြန်ထားပါတယ်။
မနေ့ က မွန်းလွဲပိုင်းမှာ အသက်(၂၅)နှစ် အရွယ် အမျိုး သား(၁) ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး သေဆုံးခဲ့ပါတယ်။လက်ရှိမှာ အတည်ပြုထားပြီး သေဆုံးသူ ၃
ဦးရှိနေပြီဖြစ်ပါတယ်။
H1N1 ရောဂါဖြစ်ပွားတယ်လို့  သံသယရှိပါက နှာခေါင်းတို့ဖတ် (nasopharyngeal swab) ကို အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန၊ အမှတ်(၃၅)၊ မော်ကွန်း တိုက်လမ်း၊ ရန်ကုန်မြို့သို့ပေးပို့ စစ်ဆေးအတည်ပြုချက်ရယူနိုင်ပါတယ်။
ဖြိုးထက်အောင်
Popular News Journal

No comments:

Post a Comment