Thursday, July 27, 2017

H5 N1 ကြောင့် ထားဝယ် မြို့နယ်ရှိ ကျောင်းများ ငါးရက်ပိတ်

အပြင်းစား ကြက်ငှက်တုပ်ကွေး H5 N1 ကြောင့် ထားဝယ်မြို့နယ်ရှိ စာသင်ကျောင်းများ ငါးရက် ပိတ်ရန် ညွှန်ကြားထားကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးထံမှ သိရသည်။ ထားဝယ်မြို့ပေါ်ရပ်ကွက်များ၊ ရှင်မုတ္ထီး၊ မောင်မယ်ရှောင်ကျေးရွာများနှင့် မေတ္တာမြို့အပါအ၀င် ထားဝယ်မြို့နယ် တစ်ခုလုံးရှိ စာသင်ကျောင်းများအားလုံးပိတ်ရန် ညွှန်ကြားထားပြီး ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပိတ်မည်ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။ ထားဝယ်တွင် အပြင်းစား ကြက်ငှက်တုပ်ကွေး H5 N1 ရောဂါဖြစ်ပွားမှုရှိကြောင်း ဇူလိုင်လ ၂၆ ရက်နေ့ တွင် အတည်ပြုခဲ့သည်။ Dawei Watch

No comments:

Post a Comment