Wednesday, July 26, 2017

ရန်ကုန်နှင့် မန္တလေးရှိ ဆေးရုံ ၁၀ ရုံတွင် ခြင်ပြေး တီဗွီများ တပ်ဆင်ရန် LG ကူညီ

LG Electronics ကရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ပြည်သူ့ကျန်းမာရေးဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံ (၁၀) ခုကို ခြင်ပြေးနည်းပညာများ ပံ့ပိုးကူညီခဲ့သည်။ေ ရာဂါဝေဒနာကြောင့်ဆေးရုံတက်နေရသည့်လူနာများသည် ခုခံအားအလွန်နည်းသောအခြေအနေမျိုးတွင် ရှိနေတတ်ကာ၊ ၎င်းတို့အမြန်ဆုံးပြန်လည်ကျန်းမာလာရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်ကာ အန္တရာယ်ကင်းသည့် ပတ်ဝန်းကျင်တစ်ခုရှိစေရန်အတွက် ခြင်ပြေးနည်းပညာ ပါဝင်သောတီဗီများ ပံ့ပိုးကူညီခဲ့သည်။ “ရောဂါကိုယ်စီနဲ့ ဆေးရုံတက်နေရတဲ့ လူနာတွေရဲ့ ကျန်းမာရေးအခြေအနေဟာ အားနည်းတဲ့အနေအထားမှာရှိနေပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ သူတို့တွေရဲ့လက်ရှိကျန်းမာရေးကို ပိုဆိုးမသွားစေဖို့နဲ့ ခြင်ကိုက်ခံရတာကြောင့် ထပ်မံပြီး ကူးစက်ရောဂါတွေမဖြစ်စေဖို့ အလွန်အရေးကြီးပါတယ်။ လူနာတွေနဲ့ကလေးတွေအတွက် ခြင်အန္တရာယ်ကင်းဝေးတဲ့ ဆေးရုံတွေဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ခြင်ပြေးနည်းပညာဟာ ဒီလိုဆေးရုံမျိုးတွေဖန်တီးပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။” ဟု ဝါရင့်ပြည်သူ့ကျန်းမာရေးပညာရှင်ဖြစ်သူ ဒေါက်တာတင်မောင်ထွေးက ပြောသည်။

ဤပံ့ပိုးကူညီမှုရရှိထားသောဆေးရုံများမှာ ရန်ကုန်မြို့တွင် ဆစ်မီတဝေ့ဆေးရုံ (Samitivej Hospital) ၊ အလုံကလေးဆေးရုံ၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ ရန်ကင်းကလေးဆေးရုံ၊ ဒေါက်တာအောင်ထွန်းဦး ကလေးဆေးခန်း၊ မန္တလေးမြို့တွင် ကုတင် ၅၅၀ မန္တလေးကလေးဆေးရုံ၊ မန္တလေးအထွေထွေရောဂါကုဆေးရုံ၊ ကုတင် ၃၀၀ မန္တလေး သင်ကြားရေးဆေးရုံ၊ မန္တလေးအရိုးဆေးရုံ၊ မန္တလေးအမျိုးသမီးဆေးရုံ တို့ဖြစ်ပြီး အခြားဆေးရုံများတွင်လည်း ထပ်မံတိုးချဲ့ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ကမ္ဘာတစ်ဝန်းတွင် ခြင်မျိုးစိတ်ပေါင်း ၃၀၀၀ ကျော်တွေ့ရှိရပြီး၊ ၎င်းတို့ကို ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာနိုင်ငံတို့ ကဲ့သို့သော အပူပိုင်းဒေသများတွင် အများဆုံးတွေ့ရတတ်သည်။ ကမ္ဘာ့လူဦးရေပိုမိုထူထပ်လာသည်နှင့်အမျှ ကမ္ဘာ တစ်ဝန်းတွင် ခြင်ကြောင့်ဖြစ်ပွားတတ်သောရောဂါများလည်း လူသေဆုံးမှုအများဆုံးဖြစ်ပွားစေသော အကြောင်းရင်းတစ်ခု ဖြစ်လာပြီဖြစ်သည်။
ခြင်များသည် ကူးစက်ရောဂါပိုးအမြောက်အများကို သယ်ဆောင်ပြီး သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ Yellow Fever ၊ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါတို့ကဲ့သို့သော အသက်အန္တရာယ်ဖြစ်စေတတ်သည့်ရောဂါများ လည်းပါဝင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization) ၏အဆိုအရ ခြင်ကိုက်ခံရမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်း ၃၀၀ ကျော်သည် သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါများ ကူးစက်ခံရလျက်ရှိသည်။
Popular News Journal

No comments:

Post a Comment