Wednesday, July 26, 2017

Melia Love Story Wedding Fair 2017 ပြုလုပ်မည်

Melia ဟိုတယ် ရဲ့ Love Story Wedding Fair 2017 ကို သြဂုတ်လ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲကတော့ Melia ဟိုတယ်အနေနဲ့ ဒုတိယအကြိမ်ပြုလုပ်တဲ့ Love Story Wedding Fair ဖြစ်တယ်လို့ သိရပါတယ်။ “ ကျမတို့ ဟိုတယ်ဖွင့်စ တနှစ်အတွင်းမှာ မင်္ဂလာမောင်နှံများရဲ့ ယုံကြည်မှုနဲ့ကျင်းပခဲ့တဲ့ မင်္ဂလာပွဲများစွာ ကျင်းပခဲ့ပါတယ်။ မင်္ဂလာပွဲတခုချင်းဆီကို ထူးခြားဆန်းသစ်စွာ စီစဉ်ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။ မကြာခင်မှာ ကျင်းပမယ့် Wedding Fair မှာလည်း မင်္ဂလာမောင်နှံများရဲ့ Love story ကိုအကောင်အထည်ဖော်ဖို့အတွက် Melia မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။” လို့ Melia Hotel ရဲ့ General Manager Miss Slim ကပြောပါတယ်။

Melia ဟိုတယ် ရဲ့ Love Story Wedding Fair 2017 မှာတော့ မိတ်ကပ် ပညာရှင် ဒီဇင်ဘာနှင်း၊(Sweet & Smart) ဒီဇိုင်နာ မင်းသက်စံ၊Singanture အေးသီတာဝင်းအောင်၊ Exposure နိုင်နိုင်ထွန်း(ဓာတ်ပုံ)၊Living Square မင်္ဂလာခန်းဝင်ပစ္စည်း၊(Teacher Tin)UEASM တင်တင်ဝင်း၊ ပန်းအလှဆင်(FloralArtist)မောင်ကျော်(မလေးရှား) စသည်တို့က ပါဝင်ကူညီပေးထားတယ်လို့ သိရပါတယ်။
အဆိုပါ Melia Love Story Wedding Fair 2017ပြုလုပ်မယ့် ၂ရက်တာအတွင်း မင်္ဂင်္င်္လာပွဲများအတွက် ကြိုတင် စာရင်းပေးသွင်းသူများကိုလည်း အထူးဈေးနှုန်းများဖြင့်လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ဗလာမပါ ကံစမ်းမဲများ ပေးအပ်မယ်လို့ သိရပါတယ်။

No comments:

Post a Comment