Friday, August 11, 2017

သေနတ်သမားကြည်လင်းအပါအဝင် ၄ ဦးအား ၁၉ ကြိမ်မြောက်ရုံးထုတ်

ရှေ့နေဦးကိုနီနှင့် တရားခံဖမ်းဆီးရာတွင် ကူညီပေးခဲ့သည့် အငှားယာဉ်မောင်း ကိုနေဝင်းတို့ ရန်ကုန်လေဆိပ်တွင် အသတ်ခံခဲ့ရသည့်အမှုနှင့် ပတ်သက်ပြီး သေနတ်သမားကြည်လင်းအပါအဝင် ၄ ဦးအား ယနေ့ သြဂုတ်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ၁၉ ကြိမ်မြောက်ရုံးထုတ်ခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ဇွန်လ ၇ ရက်နေ့ ရုံးချိန်းမှစတင်ပြီး လူသတ်မှုအတွက် တရားလိုပြသက်သေများအား စစ်ဆေးနေခြင်းဖြစ်သည်။ ယနေ့ သြဂုတ် ၁၁ ရက်နေ့ရုံးချိန်းတွင် အခင်းဖြစ်ပွားစဉ်က မြင်တွေ့ခဲ့သော မျက်မြင်သက်သေ ၅ ဦးအား တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့သည်။ Mizzima

No comments:

Post a Comment