Friday, August 11, 2017

ဒုံးကျည်ပစ်လွှတ်စင်များနှင့် ရေဒါစနစ် မလေးရှားကို တရုတ်ပေးမည်

တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် မလေးရှား၏ တောင်ဘက်ပိုင်းတွင် အခြေစိုက်မည့် ရေဒါစနစ်တစ်ခုနှင့် အဆင့်မြင့် ဒုံးကျည်ပစ်လွှတ်စင်များကို ပေးအပ်မည်ဖြစ်ကြောင်း သိရပြီး ယင်းသည် အိမ်နီးချင်းစင်ကာပူနိုင်ငံအတွက် လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကို မြင့်တက်လာစေခဲ့သည်။ တရုတ်နိုင်ငံက ဆောက်လုပ်ပေးမယ့် ဒေါ်လာ ၁၃ ဘီလီယံတန် ရထားလမ်းစီမံကိန်း မိတ်ဆက်ပွဲ အတွက် ဗုဒ္ဓဟူးနေ့တွင် မလေးရှားနိုင်ငံကို အလည်အပတ်ခရီးရောက်ရှိလာသော တရုတ်အရာရှိများ ကိုယ်စားလှယ် အဖွဲ့တစ်ခုက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း အမည်အဖော်လိုသော သတင်းအရင်းအမြစ်များကို ကိုးကားပြီး Malaysia Insight က သတင်းထုတ်ပြန်ထားသည်။

 နှစ် ၅ဝ အကြွေးစနစ်ဖြင့် ရောင်းချပေးမည့် အစီအစဉ်တစ်ခုထဲတွင် မလေးရှားနိုင်ငံကို AR3 ဒုံးကျည်ပစ်လွှတ်စနစ် ၁၂ ခု ပါဝင်ကြောင်း သတင်းအရင်းအမြစ်တစ်ခုကဆိုသည်။ ချေးငွေပမာဏနှင့် အမြှောက်တပ်ဖွဲ့၏ ကုန်ကျစရိတ်ကို မသိရှိ
ရသေးပေ။ ရေဒါစနစ်အမျိုးအစားကိုလည်း ထုတ်ပြန်ခြင်းမရှိသေးပေ။ အကြီးတန်းမလေးရှားအစိုးရ သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး စင်ကာပူး Straits Times သတင်းဌာနက ပြောကြားသည်မှာ
china-offers-rocket-launchers-radar-system-to-malaysia-reports
ရထားလမ်းစီမံကိန်းအတွက် စတင်အုပ်မြစ်ချအခမ်းအနား တွင် တရုတ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဝမ်ယောင်းနှင့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်တို့ကြား ဆွေးနွေးပွဲ တစ်ခုအတွင်း ထုတ်ဖော်ပြောကြားခဲ့ကြခြင်းဖြစ်သည်ဟု သတိရသည်။ အဆိုပါ အဆိုပြုချက်အတွက် အပြီးသတ်ဆုံးဖြတ်ချက်ကို ယခုနှစ်နှောင်းပိုင်းတွင် မလေးရှားနိုင်ငံသို့ လာရောက်လည်ပတ်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း ဆုံးဖြတ်နိုင်ချေရှိကြောင်း Straits Times သတင်းက ဆိုသည်။
Ref:Reuters

No comments:

Post a Comment