Thursday, August 10, 2017

ရွှေလင်ပန်း၊ ယုဇနနဲ့ ကနောင် တန်ဖိုးနည်းအိမ်ရာတွေ ရောင်းပြီ

ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁) မှာတော့ ပြည်သူတွေ နေထိုင်နေပြီ ဖြစ်ပါတယ်။
လှိုင်သာယာမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဆောက်လုပ်ထား တဲ့ တန်ဖိုးနည်းအိမ်ရာတွေကို သည်လမှာ စတင် ရောင်းချပေးသွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဘဏ်နဲ့ချိတ်ဆက်ဝယ်ယူနိုင်တယ်လို့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာ နက သိရပါတယ်။ လှိုင်သာယာမြို့နယ်အတွင်း တည် ဆောက်ထားတဲ့ ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာစီမံကိန်းအပိုင်း (၂)၊ အပိုင်း (၃)၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ တည်ဆောက်ထားတဲ့ ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း (၁)၊ အပိုင်း (၂) နဲ့ ကနောင်တန်ဖိုးနည်း အိမ်ရာတွေကို ယခုလမှာ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“တန်ဖိုးနည်းအိမ်ရာဝယ်ယူလိုတဲ့ ပြည်သူတွေအနေနဲ့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ တိုက်ခန်းတစ်ခန်းရဲ့တန်ဖိုးကို ၃၀ ရာခိုင်နှုန်း ငွေစုထားပြီး ပြည့်မီတဲ့သူတွေအနေနဲ့ တိုက်ခန်းဝယ် ယူခွင့်ရရှိမှာဖြစ်ပါတယ်၊ ကျန်ငွေတွေကိုတော့ နှစ်ရှည်အရစ်ကျစနစ်နဲ့ ပေးသွင်းရမှာပါ၊ တန်ဖိုးနည်းအိမ်ရာတွေကို ကျပ်သိန်း ၁၀ဝ ဝန်းကျင်သတ်မှတ်ထားပါ တယ်”လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တန်ဖိုးနည်းအိမ်ရာတိုက်ခန်းတွေကို အရစ်ကျစနစ်နဲ့ ဝယ်ယူတဲ့အခါ ဘဏ်ချေး ငွေအတိုးနှုန်းက လက်ရှိမှာ ၁၃ ရာခိုင်နှုန်း ဖြင့် ဝယ်ယူနေရတာက အတိုးနှုန်းများ နေပြီး ငါးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း အတိုးနှုန်းလောက်သာ ထားရှိသင့်တယ် လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
တန်ဖိုးနည်းအိမ်ရာအရစ်ကျ အတိုးနှုန်းကို သင့်တော်တဲ့အတိုးနှုန်းနဲ့ ပြဋ္ဌာန်းပေးဖို့လိုအပ်နေတယ်လို့ လည်း ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“သင့်တော်တဲ့ အတိုးနှုန်းနဲ့ အိမ်ရာချေးငွေနှုန်းထားတွေကို အစိုးရအနေနဲ့ အမြန်ဆုံးသတ်မှတ်ပြဋ္ဌာန်းသင့်ပါတယ်၊ ဘဏ်တွေအနေနဲ့က နှစ်ရှည်ချေးငွေတွေကို အပြိုင်အဆိုင်ဆောင်ရွက်လာပေမဲ့ အတိုးနှုန်းက မြင့်မားနေဆဲရှိနေသေးပါ တယ်”လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
Author / မေသက်
Kumudra

No comments:

Post a Comment