Wednesday, August 9, 2017

ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

ပဲစင်းငုံ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံက ၁ တန်ကို ငွေကျပ် ၅၅၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တတန်ကို ၁၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ကုလားပဲလုံး
ကုလားပဲလုံးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၂,၀၅၀ ကျပ်ကနေ ငွေကျပ် ၂,၂၅၀ ပေါက်ဈေးရှိပါတယ်။



မတ်ပဲ
မတ်ပဲကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၇၇၀,၀၀၀ ခုနှစ်သိန်းခုနှစ်သောင်း ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၄,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ထောပတ်ပဲ
ထောပတ်ပဲက ဒီနေ့မှာ ၁ ပိဿာကို ၈၅ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၂,၀၀၀ ပေါက်ဈေးရှိပါတယ်။

အာလူး
အာလူးကတော့ ဒီနေ့မှာ တစ်ပိဿာကို တစ်ရာ့ခုနှစ်ဆယ် ကနေ ငါးရာ့ငါးဆယ် ပေါက်ဈေးရှိနေပြီး တစ်ပိဿာ ကို သုံးဆယ်ကျပ် ဈေးတက်လာ ပါတယ်။

နှမ်းနက်(စမုံ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၁၂၅,၀၀၀ ပေါက်ဈေးရှိနေ ပါတယ်။

ပဲနောက်စိမ်း
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ပဲနောက်စိမ်းက ၁ တင်းကို ငွေကျပ် ၃၃,၂၀၀ ပေါက်ဈေးရှိနေပြီး ၁ တင်းကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ဆန်ပြောင်း
မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ဆန်ပြောင်းက ၁ ပိဿာကို ငွေကျပ် ၈၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၃၀ ကျပ် ဈေးတက်လာပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

No comments:

Post a Comment