Friday, August 11, 2017

ဆင်သတ်ဖြတ်သူများအား ဆက်လက်ရှာဖွေဖမ်းဆီး

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ မြစ်တရာကြိုးဝိုင်းအကွက်(၂၀၇)တွင် တော ဆင်ရိုင်း(၂)ကောင် မြားဒဏ်ရာဖြင့် ပစ်ခတ်သေဆုံးရခြင်းနှင့် ပတ်သက်ပြီး တောဆင်ရိုင်း များသတ်ဖြတ်၍ ဆင်စွယ်နှင့် ဆင်၏အစိတ်အပိုင်းများကို တရားမဝင် ရယူမှုများနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ငပုတောမြို့နယ်အတွင်း (၅.၈.၂၀၁၇)ရက်နေ့မှ (၇.၈.၂၀၁၇) ရက်နေ့အထိတရားခံနှင့် မသင်္ကာတရားခံစုစုပေါင်း(၅)ဦး ဖော်ထုတ်ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး၊စုံစမ်းဖော်ထုတ်ဖမ်းဆီးမှုများ ဆက်လက်ဆောင်ရွက်စဉ် ပုသိမ်မြို့နယ် သစ်တောဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၉.၈.၂၀၁၇)ရက်နေ့တွင် သတင်းအရ ပုသိမ်မြို့နယ်၊ ရှမ်းကွင်းအုပ်စု၊ ဂမုန်းချောင်းကျေးရွာနေ ဖိုးလမ်း(ခ)ဇော်လင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဆင် အရိုးအစွယ်စုံ(၇)ခု၊ ဆင်အမြီးမွေး(၁၀၀)ချောင်းခန့် အပါအဝင် ဆင်ပစ်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းမျိုးစုံ (၃၁)မျိုးအား သိမ်းဆည်းရမိပြီး ဖိုးလင်း(ခ) ဇော်လင်းမှာ ထွက်ပြေး လွတ်မြောက်သွားပြီး သတင်းရရှိသော ကျန်(၂)ဦးမှာ သစ်တောအတွင်း ရှိကြောင်းသိရှိရသဖြင့် ဖိုးလန်းပါ(၃)ဦးအား သစ်တောအတွင်း ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment