Friday, August 11, 2017

ဟိုင်းကြီးကျွန်းမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်၌ တရားမ၀င်ငါးဖမ်း စက်လှေတစ်စင်း ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှစစ်ရေယာဉ်သည် သြဂုတ် ၉ ရက် နံနက် ၉ နာရီတွင် ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ရေမိုင်  ၃၈ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ်စက်လှေတစ်စင်းအား တွေ့ရှိ သဖြင့် သွားရောက်စစ်ဆေးရာ တရားမ၀င်ငါးဖမ်းစက် လှေတစ်စင်းကို စနိုင်ဝင်း(ဘ)ဦးအောင်မြင့်အပါအ၀င် အမျိုးသား  ၁၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဖမ်းဆီးရမိသူများနှင့်စက်လှေကိုဟိုင်းကြီးကျွန်းမြို့ရှိ ငါးလုပ်ငန်းဦးစီးဌာနသို့စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment