Sunday, August 13, 2017

မန္တလေးတွင် တောင်းရမ်းသူ ၄၀ ကျော်ကို နှစ်ရက်အတွင်း ထိန်းသိမ်း

 မန္တလေးမြို့ရှိ မီးပွိုင့်များ နှင့် အထင်ကရနေရာများတွင် တောင်းရမ်းသူ ၄၁ ဦးကို နှစ်ရက် အတွင်း ထိန်းသိမ်းကာ လူမှုဝန် ထမ်းဦးစီးဌာနနှင့် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော် မတီ တာဝန်ရှိသူတစ်ဦးက ပြော သည်။ ပန်းရောင်းကာတောင်းရမ်း သည့် ကလေး ၂၅ ဦးကို ဩဂုတ် ၁၁ ရက်ညက ထိန်းသိမ်းခဲ့သည်။ ထို့အပြင် ဩဂုတ် ၁၂ ရက် နေ့ လယ်တွင် ဘုရားကြီး၊ ဘူတာကြီး နှင့် ရန်ကုန်-မန္တလေးလမ်းမ စသည့်နေရာများတွင် တောင်း ရမ်းနေသည့် ကလေးနှင့် လူကြီး ၁၆ ဦးတို့ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနက  စည်ပင်သာ ယာရဲတပ်ဖွဲ့၊ ကလေးသူငယ်ပြုစု စောင့်ရှောက်ရေး ရဲတပ်ဖွဲ့များ နှင့် ပူးပေါင်းကာ ထိန်းသိမ်းခဲ့ သည်။ ကလေးများကို လူမှုဝန် ထမ်းဦးစီးဌာနသို့ ပို့ဆောင်ခဲ့ ကြောင်း သန့်ရှင်းရေးဌာန ဌာနခွဲ မှူး ဦးစိုးတင့်အောင်က ပြော သည်။ ထိန်းသိမ်းထားသူများထဲ မှ လူကြီးများကို ရဲစခန်းများသို့ ပို့ဆောင်ခဲ့သည်။


‘‘မလုပ်လို့မရတော့လို့ကို လုပ်ရတာ။ ရှေ့တစ်လောကတင် ကားတိုက်တာ သုံးယောက်ရှိသွား ပြီ။ မီးပွိုင့်မှာ တောင်းရမ်းတာက အန္တရာယ်များတယ်။ နောက်ပြီး နိုင်ငံတကာကလာတဲ့ သူတွေအ မြင်မှာ ဂုဏ်သိက္ခာကို ထိခိုက်စေ တယ်’’ဟု ဦးစိုးတင့်အောင်က ဆို သည်။

တောင်းရမ်းနေသော ကလေးများနှင့်   လူကြီးများ၏   နောက် ကွယ်မှ ကြိုးကိုင်စေခိုင်းသူများ ကို   သက်ဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အရေး ကြီးကြောင်း၊     မန္တလေးမြို့ တွင်းရှိ တောင်းရမ်းစားသောက် နေသူများကို ယခုရက်ပိုင်းအ တွင်း အပြတ်လိုက်လံထိန်းသိမ်း ရန် စီစဉ်ထားပြီး မြို့နေလူထုအ နေဖြင့် ပူးပေါင်းကာ သတင်းပေး တိုင်ကြားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လူမှုဝန်ထမ်းဦးစီးဌာနသို့ ရောက်ရှိလာသည့် ကလေးများ ကို အသက်အရွယ်အလိုက် အ တန်းပညာများ သင်ကြားပေး ခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်း များ ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။

‘‘အခုလိုထိန်းသိမ်းပြီး လူမှုဝန်ထမ်းကို ပို့လိုက်တာက သူတို့ အတွက် လမ်းကြောင်းမှန်ပေါ်ကို ပို့ ပေးလိုက်တာပဲ။ ငယ်သေးတဲ့အ ချိန်မှာက ထိန်းလို့ရသေးတယ်’’ ဟု အဆိုပါတာဝန်ရှိသူက ဆို သည်။

မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ သန့်ရှင်း ရေးဌာနမှ ယခုဘဏ္ဍာနှစ်အစော ပိုင်းက လမ်းပေါ်နေ တောင်းရမ်း သည့် ကလေး ၁၅ ဦးခန့်ကို ထိန်း သိမ်းကာ လူမှုဝန်ထမ်းဦးစီးဌာန သို့ ပို့ဆောင်ခဲ့သည်။ ထက်သာဦး

No comments:

Post a Comment