Wednesday, August 9, 2017

ရေကြီးပြီး ပိတ်မိနေသည့် ကားအတွင်းမှ ယာဉ်မောင်းကို ခက်ခက်ခဲခဲ ကယ်တင်

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန် အန်တိုနီယိုမြို့မှာ ရေတက်လာပြီးနောက် ပိတ်မိနေတဲ့ SUV ကားတစီးမောင်းလာသူကို ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရပါတယ်။ အန်ဘီစီသတင်းရဲ့ ဒေသခံသတင်းရင်းမြစ်တစ်ခုက ရိုက်ကူးထားတဲ့ ဗွီဒီယိုမှာ မီးသတ်သမားတွေက သူတို့ မီးသတ်ကားရဲ့ လှေကားကို အရှည်ဆွဲထုတ်ပြီး ပိတ်မိနေတဲ့လူရဲ့ ကားဆီကို ကုန်းဘောင်ထိုးသလို ထိုးပေးတာ တွေ့ရပါတယ်။
အဲဒီနောက် ကားမောင်းလာသူကို ဘေးကင်းလုံခြုံရာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ တက္ကဆက်ပြည်နယ်ရဲ့ မြေနိမ့်ဒေသကို အလျင်အမြန် တိုးဝင်လာတဲ့ ရေစီးတွေကြားမှာ ပိတ်မိသွားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဒေသခံ မီဒီယာက ပြောပါတယ်။ တက္ကဆက်ပြည်နယ်ရဲ့ နေရာအတော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သြဂုတ် ၈ ရက်နေ့ ညနေပိုင်းထိ တက္ကဆက်ပြည်နယ် အလယ်ပိုင်းမှာ ရေကြီးမှု သတိပေးကြေညာချက်တွေ ထုတ်ပြန်ထားခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment