Sunday, August 13, 2017

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် အာဆင်နယ်က လက်စတာကို အနိုင်ရ

၂၀၁၇-၁၈ ပရီးမီးယား လိဂ်ဘောလုံးရာသီအဖွင့်ပွဲစဉ် တွင် အာဆင်နယ်နှင့် လက်စတာ တို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင်အာဆင်နယ်က ဧည့် သည်လက်စတာကို လူစားဝင် တိုက်စစ်မှူး အိုလီဗာဂျီရော့ဒ်၏ နောက်ကျ ခေါင်းတိုက်ဂိုးဖြင့် ၄-၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အာဆင်နယ်သည် ပွဲပြီးရန် ခုနစ်မိနစ်လိုချိန်အထိ ၃-၂ ဂိုး ဖြင့် လက်စတာ၏ ဦးဆောင်မှုကို ခံခဲ့ရသော်လည်း နှစ်မိနစ်အတွင်း ရမ်ဆေးနှင့်ဂျီရော့ဒ်တို့က ချေပဂိုး နှင့် အနိုင်ဂိုး သွင်းယူခဲ့သည်။ ပရီးမီးယားလိဂ်ပွဲ ပထမဆုံးပွဲ ထွက် ကစားခဲ့သည့် လာကာဇက် က အာဆင်နယ်အတွက် နှစ်မိနစ် တွင် သေသပ်တိကျသည့် ခေါင်း တိုက်ချက်ဖြင့် အဖွင့်ဂိုးရယူခဲ့ပြီး သုံးမိနစ်အကြာ၌ ရှင်ဂျီအို ကာဇာ ကီက လက်စတာအတွက် ချေပ ဂိုးသွင်းခဲ့သည်။



ထို့နောက် လက်စတာတိုက် စစ်မှူး ဗာဒီက အယ်လ်ဘရိုက် တန်၏ ဖြတ်တင်ဘောမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းခဲ့သည်ကို အာ ဆင်နယ်မှ ဒန်နီဝဲလ်ဘတ်က ပထမပိုင်းနာကျင်အချိန်ပို နှစ်မိ နစ်တွင် ပြန်လည်ချေပခဲ့သည်။ ဒုတိယပိုင်း ၅၆ မိနစ်တွင် ဗာဒီက ပင် ဦးဆောင်ဂိုး ထပ်မံသွင်းခဲ့ သောကြောင့် လက်စတာက ၃-၂ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

နည်းပြအာစင်ဝင်းဂါးသည် မှန်ကန်သော လူစားလဲမှုပြုလုပ် နိုင်ခဲ့ပြီး လူစားဝင်လာသူနှစ်ဦးဖြစ်သည့် ရမ်ဆေးနှင့် ဂျီရော့ဒ်တို့က ချေပဂိုးနှင့် အနိုင်ဂိုးသွင်းယူကာ ပွဲအဖြေကို ပြောင်းလဲပေးခဲ့သောကြောင့် သုံးမှတ်စတင်ရရှိခဲ့သည်။

အာဆင်နယ်သည် ပြီးခဲ့ သည့် ငါးနှစ်စလုံး အဖွင့်ပွဲစဉ်များ ကို အိမ်ကွင်းတွင် လက်ခံကစားခဲ့  သော်လည်း တစ်ပွဲသာ အနိုင်ရ ရှိသည့် စံချိန်ဆိုးရှိခဲ့သည်။

ယခုပွဲစဉ်တွင် နှစ်သင်း ပေါင်း သွင်းဂိုး ခုနစ်ဂိုးရှိသဖြင့် ပရီးမီးယားလိဂ်ဖွင့်ပွဲသမိုင်း၌ နှစ်သင်းပေါင်း သွင်းဂိုး ခုနစ်ဂိုး သွင်းနိုင်သည့် ခြောက်ကြိမ် မြောက်ပွဲဖြစ်ခဲ့ပြီး အာဆင်နယ် သည် လက်စတာနှင့်တွေ့ဆုံသည့် နောက်ဆုံး ၂၂ ပွဲတွင် ရှုံးပွဲမရှိ ကစားထားနိုင်သည်။

ယခုပွဲစဉ်၏ အကောင်းဆုံး ဘောလုံးသမားဆုကို နှစ်ဂိုးသွင်း ယူခဲ့သည့် လက်စတာတိုက်စစ် မှူး ဗာဒီကရရှိခဲ့ပြီး အဝေးကွင်း တွင် သုံးဂိုးသွင်းနိုင်ခြင်းသည်  အ ပေါင်းလက္ခဏာသဘောဆောင် ကြောင်း ပြောကြားသည်။

အာဆင်နယ်က နောက်တစ် ပွဲအဖြစ် သြဂုတ် ၁၉ ရက်တွင် စတုတ်စီးတီးနှင့် ကစားရမည်ဖြစ် ပြီး လက်စတာက ယင်းနေ့၌ ဘ ရိုက်တန်ကို အိမ်ကွင်း၌ ယှဉ်ပြိုင်မည်ဖြစ်သည်။-Ref:bbc

No comments:

Post a Comment