Sunday, August 13, 2017

မြောက်ကိုရီးယားအရေး ရန်လိုလေလုံးထွားနေမှု လွန်လွန်းပြီဟု ရုရှားပြော

မြောက်ကိုရီးယားအရေးမှာ ရန်လိုပြီး လေလုံးထွားနေတာ လွန်လွန်းနေပြီလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်က သြဂုတ် ၁၁ ရက်က ပြောကြားလိုက်ပါတယ်။ြေ မာက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ကြောင့် စစ်ရေးပဋိပက္ခ ဖြစ်မယ့်ဘေးတွေက သိပ်များနေပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားကြား အပြန်အလှန် ခြိမ်းခြောက်မှုတွေကို ရုရှား အစိုးရဟာ နက်နက်ရှိုင်းရှိုင်း စိုးရိမ်နေတယ်လို့ သူက ပြောပါတယ်။ြေ မာက်ကိုရီးယားအပေါ် စစ်ရေးအင်အား သုံးရင် ဓားစာခံတွေ အများကြီး ရှိလာမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက သြဂုတ် ၁၀ ရက်နေ့က ဒုတိယအကြိမ် ပြောခဲ့ပြီးပါပြီ။



ဒါပေမယ့် မြောက်ကိုရီးယားက အမေရိကန်ရဲ့ ဂူအမ်ကျွန်းမှာ ရှိတဲ့ အမေရိကန် စစ်စခန်းကို ဒုံးကျည်နဲ့ ပစ်ခတ်မယ်လို့ ထပ်ပြီး ခြိမ်းခြောက်ခဲ့တယ်၊ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုက အဆက်မပြတ်ပဲမို့ ကျနော်တို့ကို အများကြီး စိုးရိမ်စေတယ်လို့ ရုရှား ဝန်ကြီးက ပြောပါတယ်။

အမေရိကန် မြောက်ကိုရီးယား ပဋိပက္ခကို ဟန့်တားဖို့ ကျနော်တို့ ဖြစ်နိုင်သမျှ အကုန်လုပ်တယ်၊ ရုရှားနဲ့ တရုတ်တို့က အင်မတန်ဓမ္မဓိဋ္ဌာန်ကျတဲ့ အစီအစဉ်ကို အဆိုပြုတယ်။

မြောက်ကိုရီးယားကလည်း ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်မှုရော နျူကလီးယား စမ်းသပ်မှုပါ ရပ်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားကလည်း အကြီးစား စစ်ရေးလေ့ကျင့်မှုတွေ ရပ်ဖို့ရောပေါ့ လို့ သူက ပြောခဲ့ပါတယ်။

No comments:

Post a Comment