Friday, August 11, 2017

မိုင်းဟဲ၌ ကျပ်သန်းပေါင်း ၆ဝဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ လက်နက် ခဲယမ်းများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ ဖမ်းမိ

ရှမ်းပြည် နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် မိုင်းဟဲအုပ်စု၊ ကျဆီးကျေးရွာ၌ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချသည့် နေအိမ်သုံးအိမ်မှ ကျပ်သန်း ပေါင်း ၆၄၅၈၆ ဒသမ ၇၅သန်း တန်ဖိုးရှိ စိတ်ြ<ွကရူးသွပ်ဆေးပြား၊ အိုက်စ်၊ ဘိန်းဖြူ၊ အက်တက်စီ ဆေးပြား၊ ကက်တမင်း၊ ဘိန်းစိမ်း၊ ကဖင်းနှင့် ထိုင်းနိုင်ငံ သုံးဘတ်ငွေ၊ တရုတ်နိုင်ငံသုံး ယွမ်ငွေ၊ မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများနှင့် လက် နက်ခဲယမ်းများကို ဖမ်းဆီးရမိခဲ့ ကြောင်း မူးယစ်တပ်ဖွဲ့စုမှ သိရသည်။ ''သြဂုတ် ၈ရက်ကစပြီး ရှမ်း ပြည်နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စီမံချက်အရ ရှမ်းရိုးမစစ်ဆင်ရေး ဆောင်ရွက်နေ ပါတယ်။ ဒီဖမ်းဆီးမှုမှာ တာချီလိတ် စစ်ဗျူဟာမှူး၊ တာချီလိတ်ခရိုင်ရဲ တပ်ဖွဲ့မှူး၊ ကျွန်တော်တို့ မူးယစ်တပ် ဖွဲ့တွေနဲ့ပူးပေါင်းပြီး ဖမ်းဆီးတာပါ။ ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး အတွက် ပူးပေါင်းအဖွဲ့နဲ့ စုံစမ်းဖော် ထုတ်သွားပြီး ကူညီစုံစမ်းဖမ်းဆီးပေး ရန်အတွက် ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)နှင့် လည်း ဆက်သွယ်ဆောင်ရွက်သွားဖို့ ရှိပါတယ်''ဟု မူးယစ်တပ်ဖွဲ့စုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။





သြဂုတ် ၈ ရက် နံနက် ၁ဝ နာရီတွင် တာချီလိတ်နယ်မြေခံတပ် မှ ဗိုလ်မှူးကြီး အောင်မင်းဦး၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီး ထိန်ဝင်းဦးစီးအဖွဲ့၊ မူးယစ်တပ် ဖွဲ့စု(၃ဝ)တာချီလိတ်မှ ရဲမှူးစိုးနိုင် ဦးစီးအဖွဲ့တို့ ပါဝင်သောပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချ နေကြောင်း သတင်းရရှိထားသူ တာချီလိတ်မြို့နယ်၊ မိုင်းဟဲအုပ်စု၊ ကျဆီးကျေးရွာနေ ကျခီးကို တာချီ လိတ်မြို့အထွက်၊ တာချီလိတ်- ကျိုင်းတုံသွားလမ်း သဗ္ဗေညုစေတီ အနီျးွနလသ အမျိုးအစား မော်တော် ယာဉ်နှင့်အတူ ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီး ကျခီး၏နေအိမ်ကို ဝင်ရောက် ရှာဖွေရာ ကျခီး၏နေအိမ် အိမ်စောင့် ကျဟဲအား တွေ့ရှိဖမ်းဆီးရမိပြီး ဆက်လက်ရှာဖွေရာ ကျခီးပိုင်ဆိုင် သည့် သွပ်မိုးပျဉ်ထောင်တစ်ထပ် နေအိမ် စတိုခန်းအတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၆ ဒသမ ၄၆၆ သန်းပြား၊ CU စာ တန်းပါ အက်တက်စီဆေးပြား ၆ ဒသမ ၁၅ သိန်းပြား၊ ကဖင်းကီလို ၂၃ဝ ခန့်၊ ဆက်စပ်ပစ္စည်းများ ပွိုင့် ၂၂ သေနတ်အရှည်နှစ်လက်နှင့် မီးခံသေတ္တာတစ်လုံးနှင့် မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများကို ရှာ ဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။


ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ကျဆီးကျေးရွာရှိ ဦးကျာနော်ခါးနှင့် ဒေါ်နာမီးလိုတို့၏ နေအိမ် အား ဆက်လက်ရှာဖွေရာ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၅သန်းပြား၊ အိုက်စ်အဖြူ ရောင်ပုံဆောင်ခဲ ၃ ဒသမ ၅ ကီလို ခန့်၊ ဘိန်းစိမ်း ၁ ဒသမ ၅ ကီလိုခန့် ဆက်စပ်ပစ္စည်းများ၊ Revo  အမျိုး အစား မော်တော်ယာဉ်တစ်စီးနှင့် Fortuner အမျိုးအစား မော်တော် ယာဉ်တစ်စီး၊ AB 746899 M  နံပါတ်ပါ Remington ကိုးလုံး ကျည်သေနတ် တစ်လက်နှင့် ယင်း ကျည်အတောင့် ၆ဝ၊ ရွှေထည်မျိုးစုံ ၂၈ မျိုး၊ စုစုပေါင်းအလေးချိန် ၁ ဒသမ ၃၇၃ကီလိုခန့်၊ မူးယစ်ဆေးဝါး ရောင်းချရာမှ ရရှိသည်ဟု ယူဆရ သည့် ထိုင်းနိုင်ငံသုံးဘတ်ငွေ ၁၈ သိန်းနှင့် တရုတ်နိုင်ငံသုံး ယွမ်ငွေ တစ်သောင်းတို့ကို သိမ်းဆည်းရမိ သည်။


ဆက်လက်ပြီး ပူးပေါင်းအဖွဲ့ သည် ကျဆီးကျေးရွာရှိ ကျမူးရှီး နှင့်နာအ္မီတို့၏နေအိမ်ကို ဝင်ရောက် ရှာဖွေရာ ကျမူးရှီးနှင့် နာအ္မီ တို့အား နေအိမ်တွင်မတွေ့ရဘဲ သမီးဖြစ်သူ နာအူအား တွေ့ရှိပြီး ဆက်လက်ရှာ ဖွေရာ WY စာတန်းပါ စိတ်ကြွဆေးပြား ၁ ဒသမ ဝ၅၄ သန်းပြား၊ အိုက်စ်ပုံဆောင်ခဲတစ်ကီလို ခန့်စီပါ ၁၉၉ ထုပ်၊ အလေးချိန် ၁၉၉ ကီလို ခန့်နှင့် ဆက်စပ်ပစ္စည်းများ၊ HILUX VIGO အနက်ရောင် မော် တော်ယာဉ်တစ်စီးနှင့် NISSAN 4×4  ရွှေအိုရောင်မော်တော်ယာဉ်တစ်စီး တို့ သိမ်းဆည်းရမိသည်။


အဆိုပါဖြစ်စဉ်တွင် ကျဆီးကျေး ရွာရှိ နေအိမ်သုံးအိမ်မှ သိမ်းဆည်း ရမိသော မူးယစ်ဆေးဝါး စုစုပေါင်း အရေအတွက်မှာ စိတ်ြ<ွကဆေးပြား ၁၉ ဒသမ ဝ၇ သန်းပြား၊ အလေးချိန် ၁၉ဝ၇ ကီလိုခန့်(ဒေသတန်ဖိုး ကျပ် သန်းပေါင်း ၂၈၆ဝ၅ သိန်းခန့်)၊ အိုက်စ် ၂ဝ၂ ဒသမ ၅ ကီလိုခန့် (ဒေသတန်ဖိုး ၅ဝ၆၂ဒသမ၅ သန်း)၊ ဘိန်းဖြူ ၉ ဒသမ ၁ ကီလိုခန့် (ဒေသတန်ဖိုး ကျပ်သန်းပေါင်း ၁၄၅ ဒသမ ၆သန်းခန့်)၊ အက်တက်စီ ဆေးပြား ၆ ဒသမ ၁၅ သိန်းပြား (ဒေသတန်ဖိုးကျပ်သန်းပေါင်း ၃ဝ၇၅ဝ သန်းခန့်)၊ ကက်တမင်း တစ်ကီလို ခန့် (ဒေသတန်ဖိုး ကျပ် ၃ သန်း ခန့်)၊ ဘိန်းစိမ်း ၁ဒသမ၅ကီလို (ဒေသတန်ဖိုး ၂ ဒသမ ၂၅သန်း ခန့်)၊ ကဖင်းကီလို ၂၃ဝခန့် (ဒေသ တန်ဖိုး ၁၈ဒသမ၄ သန်းခန့်)၊ စုစု ပေါင်း မူးယစ်ဆေးဝါးတန်ဖိုး ၆၄၅၈၆ ဒသမ ၇၅ သန်းခန့်တို့ကို သိမ်း ဆည်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ သက် သေပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ သူများဖြစ်သည့် ကျခီး(၂၇)နှစ် ကျ ဆီးရွာ၊ မိုင်းဟဲအုပ်စု၊ တာချီလိတ် မြို့နယ်နေသူနှင့် ကျဟဲ (၄ဝ)နှစ်၊ မိုင်းဟဲအုပ်စု၊ မိုင်းဖြတ်မြို့နယ်နေ သူတို့အား တာချီလိတ်မြို့မရဲစခန်း က မယ(ပ)၄၄/၂ဝ၁၇၊ မူး/စိတ် ပုဒ်မ-၁၅/၁၆(ခ)/၁၉(က)/ ၂ဝ (က)/၂၂(ခ)/၂၁ အရလည်းကောင်း၊ နာအူ၊ (၁၉)နှစ်၊ ကျဆီးရွာ၊ မိုင်းဟဲ အုပ်စု၊ တာချီလိတ်မြို့နယ် နေသူ အား မယ(ပ)၄၅/၂ဝ၁၇၊ မူး/ စိတ်ပုဒ်မ-၁၅/၁၆(ခ)/၁၉ (က)/ ၂ဝ(က)/၂၂(ခ)/၂၁ အရ လည်း ကောင်း၊ ကျဟယ်(၃၉)နှစ်၊ ကျဆီး ရွာ၊ မိုင်းဟဲအုပ်စု၊ တာချီလိတ်မြို့ နယ်နေသူအား မယ(ပ) ၄၆/ ၂ဝ၁၇၊ မူး/စိတ်ပုဒ်မ-၁၅/၁၉ (က)/၂ဝ(က)/၂၂(ခ)/၂၁ အရ အရေးယူဆောင်ရွက်ထားရှိ ကြောင်း သိရသည်။


TT

No comments:

Post a Comment