Friday, August 11, 2017

ကမ္ဘောဒီယား အစိုးရ ဝေဖန်သူ ထောင် ၁၈ လ ချမှတ်

ကမ္ဘောဒီးယားအစိုးရက လူသတ်မှုတစ်ခုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့အပြစ်ပေးပုံအပေါ် ဝေဖန်ပြောကြားခဲ့တဲ့ Kom Sok ကွမ်ဆော့ ဆိုသူတစ်ဦးကို မနေ့က ထောင်ဒဏ် ၁၈ လ ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက အစိုးရအတိုက်အခံ Kem Ley ကမ်လီ ဆိုသူကို လူမြင်ကွင်းမှာ နေ့ခင်းကြောင်တောင်ပစ်သတ်ခဲ့တဲ့ စစ်ပြန်တစ်ဦးကို တရားရုံးက ထောင်ဒဏ်တသက် ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်ရေးသမား Kom Sok ကွမ်ဆော့က အဲဒီအမှုဟာ အာဏာရပါတီနဲ့ ဆက်စပ်နေတယ်လို့ ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့တဲ့အတွက် အစိုးရအကြည်ညိုပျက်စေမှု၊ ဆူပူအောင်လှုံ့ဆော်မှုတွေနဲ့ တရားစွဲပြီး အခုလို အပြစ်ပေးခဲ့တာပါ။ေ ထာင်ဒဏ် ၁၈ လအပြင် ဝန်ကြီးချုပ်ဟွန်ဆင်ရဲ့ အာဏာရပါတီ CPP ကို နစ်နာကြေးအဖြစ် ကန် ဒေါ်လာ ၂ သိန်း လျှော်ကြေးပေးရမယ်လို့လည်း ဆုံးဖြတ်ချက်မှာ ဖေါ်ပြထားပါတယ်။
RFA Burmese

No comments:

Post a Comment