Friday, August 11, 2017

ရီးရဲလ်မှ ဂါရတ်ဘေးလ်ကို ခေါ်ယူရေးမှာ အဆုံးသတ်သွားပြီ ဟု မော်ရင်ဟိုဝန်ခံ

မန်ယူနည်းပြမော်ရင်ဟိုက ရီးရဲလ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကိုခေါ်ယူရေးမှာ အဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဥရောပစူပါဖလားပွဲစဉ် မတိုင်မီက ရီးရဲလ်အနေ ဖြင့် ယင်းပွဲစဉ်တွင် ဂါရတ် ဘေးလ်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခြင်း မရှိပါက မန်ယူအသင်းအ နေဖြင့် ဘေးလ်ကိုခေါ်ယူ နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း မော်ရင်ဟိုက ပြောဆိုခဲ့သော်လည်း ဘေးလ်မှာ ပွဲထွက်ကစား သမားအဖြစ် ပါဝင်ကစား ခဲ့သည်။

ယင်းအနေအထားအရ ရီးရဲလ်အသင်းအနေ ဖြင့် ကစားသမားကို လက်လွှတ်လိုဟန်မရှိသည့်သည့်အတွက် မိမိတို့အသင်း၏ ဘေးလ်ကိုခေါ်ယူ ရေးကြိုးပမ်းမှုမှာအဆုံးသတ်သွားခဲ့ ပြီဖြစ်ကြောင်း မော်ရင်ဟိုက ပြောဆိုခဲ့ခြင်းဖြစ်သည်။ မော်ရင်ဟိုက ''ရီးရဲလ်က ဂါရတ်ဘေးလ်ကိုအလိုရှိနေသလို ကစား သမားကလည်း ရီးရဲလ်မှာပဲ ဆက်ရှိနေချင်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ရီးရဲလ်မှာ ဘေးလ် ဆက်နေမယ်ဆိုတာ အားလုံးသိနေ ပြီဖြစ်တဲ့အတွက် သူ့ကိုခေါ်ယူရေး ကြိုးပမ်းမှုတွေဟာ အဆုံးသတ်သွားခဲ့ပါပြီ''ဟု ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ဂါရတ် ဘေးလ်ကလည်း မိမိအနေဖြင့် အ သင်းပြောင်းရွှေ့လိုက ပြောင်းရွှေ့ နိုင်သည်ဟု ရီးရဲလ်တာဝန်ရှိသူများ က မိမိအားခေါ်ယူပြောဆိုခဲ့သည် ဆိုခြင်းမှာ မှန်ကန်မှုမရှိဘဲ ကြံ့ခိုင်မှု အခြေအနေကောင်းမွန်ပြီး အသင်း အတွက်ကစားနိုင်ရေးကိုသာ အာရုံ စိုက်ထားခဲ့ကြောင်း ဆိုခဲ့သည်။
ဂါရတ်ဘေးလ်က ''အသင်းက ထွက်ချင်ထွက်နိုင်တယ်လို့ အသင်းကကျွန်တော့်ကိုပြောဆိုခဲ့တယ် ဆို တာတွေက မှားယွင်းပါတယ်။ ရှစ်လ၊ ကိုးလလောက် ပုံမှန်ပွဲကစားခွင့်မရခဲ့ တဲ့နောက် ကြံ့ခိုင်မှုအနေအထားကိုပဲ ကျွန်တော်အာရုံစိုက်ခဲ့ပါတယ်။ လူတွေက ဟိုအကြောင်း၊ ဒီအကြောင်း တွေလာလာပြောနေကြပေမယ့်လည်း ပွဲကစားဖို့အတွက်နဲ့ ဆုဖလား တွေရယူရေးကိုပဲ အလေးထားနေပါတယ်''ဟု ဆိုခဲ့သည်။ ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်ကလည်း အသင်း၏အရေးပါသော ကစားသမားတစ်ဦးဖြစ်သည့် ဂါရတ် ဘေးလ်ကိုရောင်းချရန် စဉ်းစားနေ စရာမလိုကြောင်း သတင်းများအား ရှင်းလင်းခဲ့သည်။
ပီရက်ဇ်က ''ဘေးလ်ဟာ ကျွန် တော်တို့အတွက် အရေးပါတဲ့ကစားသမားဖြစ်တဲ့အပြင် ကမ္ဘာ့အကောင်း ဆုံးကစားသမားတွေထဲမှာလည်း ပါဝင်သူဖြစ်ပါတယ်။ ဒီလိုကစားသမား မျိုးကိုရောင်းထုတ်ဖို့အတွက် ကျွန် တော့်အနေနဲ့ စဉ်းစားချင့်ချိန်နေ စရာအကြောင်းလုံးဝမရှိပါဘူး။ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့ပြီးတဲ့နောက် ကျွန်တော်နဲ့ နည်းပြဇီဒန်းတို့ရဲ့ တူညီတဲ့သဘောထားက အသင်းရဲ့ကစားသမားကောင်းတွေကို ဆက်ထိန်းဖို့ပဲဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
KKW

No comments:

Post a Comment