Friday, August 11, 2017

နိုင်ငံတော်သမ္မတဦးထင်ကျော် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ H.E.Mr. Chung Sye – kyun နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။ေ တွ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် လွှတ်တော်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။ေ တွ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ် တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment