Sunday, August 13, 2017

ယူအက်စ် ဂျက်တိုက်လေယာဉ်တစီး လေယာဉ်ပြေးလမ်းပေါ် ပျက်ကျ

ဘာရိန်းလေဆိပ်မှာ သြဂုတ် ၁၂ ရက်နေ့က ယူအက်စ် ဂျက်တိုက်လေယာဉ်တစီး လေယာဉ်ပြေးလမ်းပေါ် ပျက်ကျလာလို့ လေဆိပ်ကို ပိတ်လိုက်ရပါတယ်။ြေ ပးလမ်းပေါ် ဂျက်လေယာဉ် ပျက်ကျလာချိန် လေယာဉ်မောင်းကတော့ လေယာဉ်ထိုင်ခုံကနေ တွန်းကန်ထွက်လာနိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာ မရဘဲ လွတ်မြောက်လာတယ်လို့ လေဆိပ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ ရုပ်သံထဲမှာ ပျက်ကျလာတဲ့ ဂျက်လေယာဉ်က မီးခိုးတွေ ထွက်နေတာ မြင်ရပြီး ပြေးလမ်းပေါ် တစောင်းမှောက်နေတဲ့ အနေအထားကို မြင်ရပါတယ်။



ဓာတ်ပုံတွေထဲမှာလည်း မီးခိုးရောင် ဂျက်လေယာဉ်က ခေါင်းစိုက် ဆင်းလာတာ မြင်ရပါတယ်။ ဘာရိန်းနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးက ဂျက်လေယာဉ် ပျက်ကျမှုမှာ တဦးတယောက်မှ ထိခိုက်ဒဏ်ရာ မရဘူးလို့ အတည်ပြုပြောကြားလိုက်ပါတယ်။

သြဂုတ် ၁၂ ရက် ဒေသစံတော်ချိန် နေ့လည် ၂ နာရီ ဂျက်လေယာဉ် ပျက်ကျပြီးတဲ့နောက်မှာတော့ လေယာဉ် ဒါဇင်ပေါင်းများစွာ လမ်းကြောင်းလွှဲ ပျံသန်းခဲ့ရလို့ ဂက်ဖ်လေကြောင်းလိုင်း၊ အဲအိန္ဒိယအိတ်စ်ပရက်စ် နဲ့ ဖလိုင်းဒူဘိုင်း အဲလိုင်းတွေက ခရီးသည်တွေအားလုံး ဒီဂျက်လေယာဉ် ပျက်ကျမှုရဲ့ နောက်ဆက်တွဲ ပြဿနာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဘယ်ဂျက်လေယာဉ်ဆိုတာ ချက်ခြင်း မသိရပေမယ့် လူမှုကွန်ရက်မှာ ရေးသားချက်အရတော့ ဂျက်လေယာဉ်က အက်ဖ်/အေ-၁၈ ယူအက်စ် တိုက်ဂျက်လေယာဉ်လို့ သိရပါတယ်။

ဘာရိန်းနိုင်ငံက အမေရိကန် ရေတပ် ၅ သင်္ဘောအစုရဲ့ အခြေစိုက်စခန်းဖြစ်ပြီး အက်ဖ်/အေ-၁၈ စူပါဟောနက် ဂျက်တိုက်လေယာဉ်မှာ အင်ဂျက်စက် ၂ ခုပါကာ လေယာဉ်တင်သဘောင်္ကြီးတွေပေါ်ကနေ ထွက်ခွာပြီး ဆင်းသက်နိုင်တယ်လို့ မေရာ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment