Sunday, August 13, 2017

ရခိုင်ဒေသ လုံခြုံရေး တိုးမြှင့်ချထားမှုအပေါ် ပါတီများ၏ သဘောထားအမြင်

 ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က ရခိုင်အမျိုးသား ပါတီနှင့် တပ်မတော်ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်တို့ ရခိုင်နယ်စပ်ရေးရာ လုံခြုံရေနှင့် ပတ်သက်ကာ ဆွေးနွေးခဲ့ကြပြီး သြဂုတ်လ ၁၀ ရက်နေ့တွင် တပ်မတော်မှ တပ်မတော်သား အလုံးအရင်း မောင်တောဒေသကို ပို့ဆောင်ခဲ့သည်။ ယခုလို ရခိုင်ဒေသ၏ လုံခြုံရေးတိုးမြှင့်လိုက်မှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ သဘောထား အမြင်များကို ဆက်သွယ်မေးမြန်းထားပါသည်။



ဦးစံရွှေလှ (အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် - ရခိုင်ပြည်နယ် ဥက္ကဌ

“ ဒါတွေကို နိုင်ငံရေးအရပြောမယ်ဆိုရင် စစ်အာဏာရှင် အုပ်ချူပ်ခဲ့တဲ့ စနစ်ကို ဒီမိုကရေစီစနစ်နဲ့ အစားထိုးပြီး လုပ်နေတဲ့အချိန်မှာ စစ်အာဏာရှင်စနစ် မပေါ်ပေါက်ဖို့အတွက် ဒီမိုကရေစီချစ်မြတ်နိုးတဲ့ လူတိုင်းလူတိုင်းဆန္ဒမှာ ရှိကြပါတယ်။ သို့သော် အခုအကြမ်းဖက်မှုဟာ နေ့စဉ်နဲ့အမျှဆိုသလို ဖြစ်နေတဲ့အတွက် ဒီနေရာမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့အတွက် တပ်မတော်သားတွေက လောလောစဉ် တာဝန်ယူပေးနေတာဖြစ်ပါတယ်။”

ဒေါက်တာ စမ်းရွှေ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ - ရခိုင်ပြည်နယ် ဥက္ကဋ္ဌ)

“နိုင်ငံတော်အစိုးရက ပြည်သူလူထု၏ တောင်းဆိုထားတဲ့ လုံခြုံရေးကို တိုးမြှင့်လို့ပေးတာကိုတော့ တွေ့ရပါတယ်။ လုံခြုံရေးတွေကလဲ သက်ဆိုင်ရာ ဒေသတွေမှာ လုံခြုံရေးတွေကို ဆောင်ရွက်ကြပါတယ်။ လုံခြုံရေးဆောင်ရွက်နေတဲ့ ကြားထဲမှာ လုံခြုံမှုမရှိတဲ့ ဖြစ်ရပ်တွေဖြစ်ပေါ်လာပါတယ်။ ကိုင်းကြီးမှာ အသတ်ခံနေရတာနဲ့ အောက်နန်းရာမှာ လုံခြုံရေးရဲတွေ တိုက်ခိုက်ခံရတာဟာ လုံခြုံရေးအားနည်းလို့ တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။ အခုဆို တပ်မတော်က အင်အားတွေ အများအပြား မောင်တောကို ပို့ဆောင်နေတာတွေ့ရပါတယ်။ အစိုးရကလဲ လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီလိုလုံခြုံမှုတွေပေးနေတဲ့ထဲက အရင်လိုအကြမ်းဖက်သတ်ဖြတ်တာတွေမဖြစ်အောင် တကယ့် လုံခြုံမှုတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။”

ဦးဇော်ဝင်းထွန်း (ရခိုင်မျိုးချစ်ပါတီ - ဥက္ကဋ္ဌ)

“ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့ မြန်မာနိုင်ငံပါ အာဏာတည်တံခိုင်မြဲဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်မှာ အဓိက တာဝန်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ နယ်မြေလုံခြုံဖို့သော်လည်းကောင်း၊ အချူပ်အခြာ တည်မြဲဖို့သော် လည်းကောင်း ပြည်ထဲရေး သို့မဟုတ် ကာကွယ်ရေးမှာ တာဝန်ရှိတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။အခုဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ အခုမှဖြစ်ပေါ်လာတာ မဟုတ်ပါ။ ရှေးအဆက်ဆက် နှစ်ပေါင်းမြောက်များကတည်းက သွယ်တန်းပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒီလိုပြဿနာတွေ အဓိကဖြေရှင်းပေးဖို့လိုပါတယ်။ အဓိက ကျွှန်တော်တို့မှာ လုံခြုံရေးအရသော်လည်းကောင်း၊ နိုင်ငံတကာက ၀င်ရောက်လာတာတွေကို လူဝင်ကြီးကြပ်ရေးတွေက အဓိက ကြီးကြပ်ပြီး စနစ်တကျဆောင်ရွက်နိုင်မယ်ဆိုရင် ဒီပြသနာဟာ မဖြစ်ပွားလာနိုင်ပါ။”

No comments:

Post a Comment