Friday, August 11, 2017

ပရိသတ်တွေ အမြင်မမှားအောင် ပြန်လည်ဖြေရှင်းလိုက်တဲ့ အေးဝတ်ရည်သောင်း

ပရိသတ်တွေ အမြင်မမှားအောင် ပြန်လည်ဖြေရှင်းလိုက်တဲ့ အေးဝတ်ရည်သောင်း။ လက်ရှိမှာ ပရိသတ်အားပေးမူတခဲနက် ရရှိထားတဲ့ အေးသောင်း ခေါ် အေးဝတ်ရည်သောင်းက သူမရဲ့ ခွင့်ပြုချက်မရဘဲ လူမူကွန်ယက်က အွန်လိုင်းရှော့ပင်၊ စီးပွားရေးwebsite၊ စီးပွားရေးကြော်ငြာစတဲ့ commercial နဲ့သက်ဆိုင်တဲ့ နေရာတွေမှာ သူမရဲ့ အလှဓာတ်ပုံတွေကို ယူသုံးနေတာတွေ နဲ့ ပတ်သတ်ပြီးတော့တရားစွဲတော့မယ်ဆိုတာနဲ့ ပတ်သတ်တဲ့ ကြော်ငြာချတ်တစ်ခုကို သတင်းစာ မှာထည့်သွင်းလာတာကိုတွေ့ရပါတယ် ။


အဲ့ဒါနဲ့ ပတ်သတ်ပြီးတော့ ပရိသတ်တချို့ အမြင်စောင်းခဲ့ပြီး ဝေဖန်ပြောဆိုထားတာတွေတွေ့ရပါတယ် ။ အဲ့ဒိကြော်ငြာချတ်နဲ့ ပတ်သတ်ပြီးတော့ အေးဝတ်ရည်သောင်းက အခုလိုပြောပြထားတာကိုတွေ့ရပါတယ်။ "ကိုယ့်ပုံလေးတွေ သုံးတာ ရှဲတာ မကြိုက်ပဲနေပါ့မလားလို့။ အခါ တစ်သန်းလောက်တောင် ရှဲစေချင်တာလေ။ အေးသောင်းပုံလေးနဲ့ ကဗျာလေးတွေရေး စာလေးတွေရေး ဘယ်လောက် ကျေနပ်စရာကောင်းလိုက်လဲ။ ဒါကြောင့်မို့လို့ပဲ အေးသောင်းဆိုပြီးဖြစ်လာတာလေ။
အဲ့လို့သူက ကိုယ့်ပုံတွေကို မ share ဖို့ပြောပါ့မလားလို့ ။ ကိုယ်လဲ အဲ့လောက်တော့ မတုံးသေးပါဘူး ရှဲပါ ရှဲပါ ရှဲလေ ကြိုက်လေပါပဲ ဘယ် online shop မဆို ခွင့်တောင်းရင် အမြဲ ခွင့်ပြုခဲ့တာ ချည်းပဲ။ တခါမှ မငြင်းမိ။ ကိုယ့်ပုံ ပါစေချင်တာလေ ပါချင်စိန်ပါ။ online shop လေးတွေလဲ သိကြမှာပါ နော့်။
တခါမှလဲ အပြစ်မမြင်ခဲ့ပါဘူး။ ကိုယ်လဲ ဈေးရောင်းနေသူပဲလေ ပဲသိတာပေါ့။ ပြောချင်တာကတချို့ ညစ်ညစ်ပါတ်ပါတ် online shop တွေပေါ့။ သူတို့တွေကိုယ့်ပုံကို ဖိုတိုတွေရှော့ကြပြီး ကြော်ငြာကြတာ။ Save ထားတာတောင် ပြန်မရှဲ ရဲပု။ ရှက်လို့။ တချို့တွေလဲ မြင်ဖူးကြမှာပေါ့ အဲ့တော့ နားလည်မှုလေးတွေ မလွဲစေချင်။ ချစ်ခြင်းကို မခွဲကြပါနဲ့ ၊ရှဲ သာ ရှဲပါ" လို့ပြောပါတယ်။ လို့ပြောပြခဲ့ပါတယ် ။
ရန်ပိုင်စိုး ( Myanmar Celebrities )

No comments:

Post a Comment