Friday, August 11, 2017

လူစီယာနာပြည်နယ်မှာ ရှားပါး ပန်းနုရောင် လင်းပိုင်တွေ့

လူစီယာနာပြည်နယ်မှာ သင်္ဘောနဲ့ ခရီးထွက်တဲ့ စုံတွဲတစ်တွဲဟာ အလွန်ရှားပါးတဲ့ ပန်းနုရောင် လင်းပိုင်တစ်ကောင်ကို တွေ့ရှိခဲ့ရပါသတဲ့။ Pinky လို့ အမည်ပေးထားတဲ့ လင်းပိုင်ကို သူမနဲ့ ခင်ပွန်းသည်တို့က တွေ့ရှိဓာတ်ပုံရိုက်ကူးနိုင်ခဲ့တယ်လို့ ကယ်ကာစီအူ သင်္ဘော တူးမြောင်းထဲမှာ ခရီးသွားခဲ့တဲ့ ဘရစ်ဂျက်ဘော်ဒိုးက ပြောကြားခဲ့ပါတယ်။ “ကျွန်မဆိုရင် လှေပေါ်ကတောင် ပြုတ်ကျတော့မလို့။ ဒါဟာ သာမန်လင်းပိုင် မဟုတ်ဘူး။ ပန်းနုရောင်လေးရှင့်”လို့ သူမက ပြောကြားခဲ့ပါတယ်။ သွားနေတဲ့ သင်္ဘောတစ်စင်းရဲ့ ပေ ၂၀ လောက်အကွာမှာ တခြားလင်းပိုင်တွေနဲ့အတူ ရေကူးကစားနေတာဖြစ်တယ်လို့ ခရီးသွားစုံတွဲက ဆိုပါတယ်။ ၂၀ဝ၇ ခုနှစ် ကလည်း Pinky ကို မြင်တွေ့ခဲ့ရဖူးပြီး ဒုတိယမြောက်တွေ့ရတဲ့ ပန်းနုရောင်နောက် တစ်ကောင်ဟာ Pinky ရဲ့ သားသမီး ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ပန်းနုရောင်လုံးလုံးဖြစ်နေတဲ့ လင်းပိုင်မျိုးဟာ မျိုးရိုးဗီဇအရ ပြောင်းလဲ တည်ရှိနေတာ ဖြစ်နိုင်တယ်လို့ ကလီးယားဝါးတား ငါးပြတိုက်က ပညာရှင် ကယ်ရီဆန်ချက်ဇ်က ပြောကြားပါတယ်။ The Voice

No comments:

Post a Comment