Sunday, August 13, 2017

တရုတ်တွင် ငလျင်ကြောင့် သေဆုံးသူ ၂၃ ဦးရှိပြီ

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် အနောက်တောင်ပိုင်း ကျူကျိုက်ကို့မြို့နယ်မှာ ငလျင်လှုပ်လို့ သေဆုံးသူ ဦးရေဟာ  သြဂုတ် ၁၁ ရက်နေ့ မွန်လွဲပိုင်းအထိ ၂၃ ယောက်ထိ ရှိသွားပြီ ဖြစ်ပြီး ၄၉၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ သြဂုတ် ၁၁ ရက်နေ့မနက်ပိုင်းက ကျန်းကျမြို့မှာ အလောင်း ၃ လောင်း ထပ်ရှာတွေ့တာပါ။ သြဂုတ် ၁၀ ရက်နေ့က အင်အားရစ်ခ်ျစတာ စကေး ၇ ရှိပြီး အနက်တိမ်တဲ့ ငလျင် လှုပ်အပြီးမှာ တောင်ပေါ်က ကျလာတဲ့ ကျောက်တုံးက မီနီဘတ်စ်တစီးကို ထိမှန်အပြီး တောင်ကြားထဲကို ကျခဲ့လို့ ခုလို သေဆုံးတာပါ။ ဒီလိုဖြစ်ချိန်က ကားပေါ်မှာ လူ ၁၃ ယောက်ပါပြီး ၈ ယောက် အသက်ရှင်ခဲ့ပါတယ်။



ငလျင်အပြီး မြေပြင်တုန်ခါမှုတွေ အကြိမ်ရေ ၂ ထောင်ကျော် လှုပ်ခတ်ခဲ့တယ်၊ အင်အားအပြင်းဆုံး မြေပြင်တုန်ခါမှုက ရစ်ခ်ျစတာ စကေး ၄.၈ ထိ ရှိတယ်လို့ လေ့လာတွေ့ရှိ ထားပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပြီး ထောက်ပံ့မှုတွေလည်း ငလျင်ဒဏ်သင့်ဒေသက လိုအပ်သူတွေဆီ ထပ်ရောက်လာနေပါပြီ။

ကမ္ဘာလှည့် ခရီးသွား အယောက် ၇ သောင်းလောက် အပါအဝင် ဒေသခံတွေကိုလည်း ဘေးကင်းရာ နေရာတွေဆီ ရွှေ့ပြောင်းပေးခဲ့ပြီးပါပြီ။

ဒီနေရာဟာ ချင်းဟိုင် တိဘက်ကုန်းပြင်မြင့်ရဲ့ အရှေ့စွန်းမှာ ရှိပြီး ရေတံခွန်တွေ၊ ကန်တွေနဲ့ ကျောက်တုံး ကျောက်တောင် ဖွဲ့စည်းပုံတွေကြောင့် လူကြိုက်များတဲ့ အပန်းဖြေ စခန်းသာ နေရာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment