Friday, August 11, 2017

ရန်ကုန်မြို့ အလုံဈေးသူဈေးသားများ စည်ပင်ကို ဆန္ဒပြ

အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်နေသည့် ရန်ကုန် အလုံဈေးသစ်တွင် မူလဆိုင်ခန်းနေရာ၊ မူလအကျယ်အ၀န်းအတိုင်း ပြန်လည်ရရှိစေရေး အလုံဈေးသူဈေးသားများသည် သြဂုတ် ၁၁ရက် နံနက် ၁၁ နာရီခန့်က အလုံဈေးရှေ့ မှ ဆင်မင်းဈေးအနီးရှိ သိပ္ပံလမ်းသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒထုတ်ဖော်ပွဲတွင် အလုံဈေးသူဈေးသား ၂၀၀ ခန့် ပါဝင်ခဲ့ကြပြီး ဈေးကို အဆင့်မြှင့်တည်ဆောက်နေသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနကို ရည်ရွယ်ကာ ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment