Wednesday, August 9, 2017

အကြမ်းဖက်ဝါဒအတွက် အာဆီယံ စည်းလုံးညီညွတ်ရမည့်အချိန်လား

မေလ ၂၃ ရက်က မော်တီနှင့် အဘူရှာရက်ဖ်အဖွဲ့မှ စစ်သွေးကြွ များသည် ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာ အိုဒေသမှ မာရာဝီမြို့ကို ဝင် ရောက်စီးနင်းပြီး မြို့၏ ဒေသ အများစုကို သိမ်းပိုက်ခဲ့သည်။ အိုင်အက်စ်အဖွဲ့ကို သစ္စာခံ ကြောင်း ပြောကြားပြီး စစ်သွေးကြွ များက အဆောက်အအုံများ၊ နေ အိမ်များ၊ ဝတ်ပြုဆုတောင်းရာနေ ရာများကို စီးနင်းထားခဲ့ပြီး ဓားစာ ခံများကိုလည်း ဖမ်းဆီးထားခဲ့သည်။ သုံးလကြာမြင့်လာပြီဖြစ် သော်လည်း စစ်သွေးကြွများအ ပေါ် ဖိလစ်ပိုင်တပ်ဖွဲ့များ၏ တိုက်ခိုက်မှု အဆုံးသတ်မည့် လက္ခဏာမတွေ့ ရသေးပေ။ ထိုစီးနင်းမှုကိုလည်း ဒေသ ဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုဟု မမြင်ကြတော့ပေ။ ယင်းတိုက်ပွဲ တွင် ဒေသခံစစ်သွေးကြွများနှင့် အတူ မလေးရှား၊ အင်ဒိုနီးရှားနှင့် အခြားအာဆီယံနိုင်ငံများမှ တိုက်ခိုက်ရေးသမားများပါ ပါဝင်နေပြီး ၎င်းတို့က အရှေ့တောင်အာရှ ဒေသတွင် အိုင်အက်စ်အဖွဲ့၏ ပထမဆုံးပြည်နယ်အဖြစ် ကြေညာနိုင်ရေး မာရာဝီကို အသုံးချနေကြ သည်။ ယင်းအတွက် စစ်အုပ်ချုပ် ရေးအောက်၌ ရှိနေဆဲ မာရာဝီသည် ဒေသတွင်းမှာပင် ပေါက်ဖွား လာသော အကြမ်းဖက်ဝါဒ၏ ဗဟိုချက်ဖြစ်နေသည်။



‘‘မာရာဝီအခြေအနေနဲ့အတူ အဲဒီပြဿနာဟာ အာဆီယံဒေသ ထဲကို ဝင်လာပါတယ်။ မာရာဝီမှာ ထိန်းချုပ်နိုင်ခဲ့တယ်ဆိုရင်တောင် မှ တခြားပြည်နယ်တွေအတွက် အန္တရာယ်ရှိပါတယ်’’ဟု စင်ကာပူ ကာကွယ်ရေးဝန်ကြီး နင်အင်ဟန် က ပြောသည်။

‘‘အိုင်အက်စ်အဖွဲ့နဲ့ ဆက် နွှယ်သူတွေနဲ့ တခြားအစွန်းရောက်အဖွဲ့တွေက ကွန်ရက်တွေထူ ထောင်ပြီး အရှေ့တောင်အာရှကို အီရတ်နဲ့ ဆီးရီးယားအခြေအနေ မျိုးဖြစ်အောင် လုပ်ဆောင်ဖို့ ရည် ရွယ်နေကြတယ်’’ဟု မစ္စတာ နင် အင်ဟန်က ဆက်လက်ပြော သည်။

ယင်းကိစ္စမှာ အသစ်အဆန်း မဟုတ်ပေ။ အရှေ့တောင်အာရှ သည် အစ္စလာမ်မစ်အကြမ်းဖက် ကွန်ရက်များ အချိန်ကြာမြင့်စွာ ကပင် ပေါက်ဖွားခဲ့ရာ ဒေသဖြစ် သည်။ ဂျီးမားအစ္စလာမီယား၊ အယ်လ်ကိုင်ဒါနှင့် ယခုဆိုလျှင် အိုင်အက်စ်အဖွဲ့အပါအဝင် နိုင်ငံ တကာအကြမ်းဖက်အုပ်စုအများ အပြား အရှေ့တောင်အာရှဒေသ တွင် ဆက်လက်တည်ရှိနေခဲ့ သည်။

၂၀၀၁ တွင် အာဆီယံခေါင်း ဆောင်များသည် အကြမ်းဖက်ဝါ ဒကိုတိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်ရေး အာဆီယံထုတ်ပြန်ချက် ဖြင့် အကြမ်းဖက်ဝါဒခြိမ်းခြောက်မှု ကို ဖြေရှင်းရေး ၎င်းတို့၏ စိတ်ပိုင်း ဖြတ်မှုကို ဖော်ပြခဲ့ကြသည်။ ဒေသတွင်း၌ အကြမ်းဖက်အုပ်စုများ၏ လှုပ်ရှားမှုများကို ကာကွယ်ဖိနှိပ် ရေးကြိုးပမ်းမှုများ ပိုမိုတိုးမြှင့်ရေး ၎င်းတို့က သန္နိဋ္ဌာန်ပြုခဲ့ကြသည်။ မကြာသေးမီကမူ ခြိမ်းခြောက်မှု အသစ်ကို ဖြေရှင်းရေး အာဆီယံ နိုင်ငံများက ပိုမိုကြိုးပမ်းလာခဲ့ သည်။

ဇွန်လ ၁၉ ရက်တွင် ဆူးလူး -ဆူလာဝီဆီ-စီလီဘက်စ်ပင် လယ်ဒေသတွင် ပူးတွဲရေကြောင်း ကင်းလှည့်မှုများ စတင်ခြင်းဖြင့် နယ်စပ်ဖြတ်ကျော်အကြမ်းဖက် ဝါဒကို တိုက်ဖျက်ရေး အင်ဒိုနီးရှား၊မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ က သဘောတူခဲ့ကြသည်။ ဇွန်လ ၂၂ ရက်တွင် အဆိုပါသုံးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ရဲတပ် ဖွဲ့နှင့် စစ်ဘက်အကြီးအကဲများ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် စု ဝေးခဲ့ကြပြီး ၎င်းတို့၏ တစ်ခုတည်း သော စိုးရိမ်ပူပန်မှုမှာ ဒေသတွင်း မှ အကြမ်းဖက်ဝါဒမြင့်တက်မှုကို မည်သို့တိုက်ပွဲဝင်မည်နည်းဆို သော ကိစ္စပင်ဖြစ်သည်။

‘‘ဘယ်နိုင်ငံမှ အကြမ်းဖက် ဝါဒက မလွတ်ကင်းပါဘူး။ ဒါဟာ နယ်စပ်တွေကို ကျော်လွန်နေပါ တယ်’’ဟု အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီး မစ္စစ်ရက်နိုမာဆူဒီက ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ပြော ကြားသည်။ ‘‘ရှင်တို့ ကြုံနေရတဲ့ စိန်ခေါ်မှုဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ စိန်ခေါ်မှုပါပဲ။ ဒါတင်မက ဒေသ တစ်ရပ်လုံးရဲ့ စိန်ခေါ်မှုလည်းဖြစ် ပါတယ်’’ဟု ၎င်းက ဆက်ပြော ကြားသည်။

ဆင်းရဲမွဲတေမှု၊ မူးယစ်ဆေး ဝါး၊ ပြစ်မှုနှင့် လူမှုရေးမညီမျှမှုများ အပါအဝင် အစွန်းရောက်ဝါဒ၏ အခြေခံအကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမိုပူး ပေါင်းဆောင်ရွက်ရေး၊ ပိုမိုကြိုးပမ်းအားထုတ်ရေး သဘောတူညီခဲ့ခြင်းဖြင့် ၎င်းတို့၏ အစည်းအဝေး ကို အဆုံးသတ်ခဲ့ကြသည်။

ထို့အပြင် လုံခြုံရေးနှင့် ထောက်လှမ်းရေးသတင်းများကို လုံခြုံရေးနှင့် ထောက်လှမ်းရေး အေဂျင်စီများကြား မျှဝေမှုတိုးမြှင့် ရေး၊ အကြမ်းဖက်ဝါဒနှင့် အကြမ်း ဖက်အစွန်းရောက်ဝါဒအပေါ် လက်ရှိသဘောတူညီချက်များကို အကောင်အထည်ဖော်ရေးနှင့် ပြန်လှန်သုံးသပ်ရေး၊ ဥပဒေများ ပိုမို ခိုင်မာစေရန် တစ်နိုင်ငံချင်းစီတွင် ပြဋ္ဌာန်းထားသော အကြမ်းဖက်ဝါ ဒဆိုင်ရာ ဥပဒေကို အပြန်အလှန် လေ့လာဆန်းစစ်ရေးကိုလည်း အ စည်းအဝေးတက်ရောက်ခဲ့သူများ က သဘောတူခဲ့သည်။

‘‘တခြားနိုင်ငံက နိုင်ငံသား တွေ မာရာဝီ (ဒါမှမဟုတ်) မင်ဒါ နာအိုမှာ အစွန်းရောက်တွေ အပြစ်ရှိနေတယ်ဆိုရင် သူတို့ဟာ မိခင် နိုင်ငံအတွက်လည်း ခြိမ်းခြောက် မှု တစ်ရပ်ဖြစ်တယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံမှာ ဖြစ်ပျက်နေ တာတွေနဲ့ အတူတူပဲဆိုတာ သတိ ရှိရပါမယ်’’ဟု ဖိလစ်ပိုင်နိုင်ငံခြား ရေးဝန်ကြီး ပီတာကာယီတာနိုက ပြောကြားသည်။

အဆိုပါခြိမ်းခြောက်မှုကို မိမိတို့ ဘာသာမကိုင်တွယ်နိုင် ကြောင်း ဖိလစ်ပိုင်နိုင်ငံက ဝန်ခံ ထားပြီး တခြားအာဆီယံနိုင်ငံများ လည်း မာရာဝီစီးနင်းမှုနှင့် ပတ် သက်၍ လူသားချင်းစာနာထောက် ထားမှုနှင့် အခြားအကူအညီများ ပေးအပ်ပြီး ၎င်းတို့၏ စိုးရမ်ပူပန်မှု ကို ပြသခဲ့သည်။ ဥပမာအားဖြင့် စင်ကာပူဆိုလျှင် ထောက်လှမ်း ရေးနှင့် စောင့်ကြည့်ရေးအတွက် မောင်းသူမဲ့လေယာဉ် ဒရုန်းများ၊ မြို့တွင်းတိုက်ပွဲလေ့ကျင့်မှုများပေးအပ်၍ အကူအညီပေးခဲ့သည်။

‘‘ဖိလစ်ပိုင်ကာကွယ်ရေးဝန်  ကြီး လိုရန်ဇာနာက မြို့ပြနေရာ တွေမှာ တိုက်ပွဲဝင်ပုံလေ့ကျင့်မှု လိုအပ်နေတယ်လို့ ပြောတယ်။ ကျွန်တော်တို့ကလည်း အဲဒီအ တွက် ပြင်ဆင်နေတာရှိတယ်။ အ ဆောက်အအုံတွေကြား ပုန်ကန်မှု တွေကို တန်ပြန်ဖို့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးတဲ့ ကျေးရွာရှိတယ်။ ဒါဟာ ဖိလစ်ပိုင် တပ်ဖွဲ့တွေ မာရာဝီနဲ့ မင်ဒါနာအို ရဲ့ တခြားဒေသတွေမှာ လှုပ်ရှား နေရတဲ့ ပတ်ဝန်းကျင်မျိုးအတွက် အရမ်းသင့်တော်တယ်။ အနာ ဂတ်မှာလည်း အကျုံးဝင်တယ်’’ဟု စင်ကာပူကာကွယ်ရေးဝန်ကြီးက ပြောပြသည်။

မလေးရှားနှင့် အင်ဒိုနီးရှား တို့ကလည်း အကူအညီများ ကမ်း လှမ်းခဲ့သည်။ သို့သော်ကာကွယ် ရေးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုကူညီရာရောက်မည်ဟု ဆို ထားခဲ့သည်။

‘‘ဖိလစ်ပိုင်နိုင်ငံက ပဋိပက္ခ ဟာ ပျားရည်အိုးတစ်ခုလိုပါပဲ။ မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်ကာ ပူက ပျားရိုင်းတွေကိုတောင် ဆွဲ ဆောင်နေပါတယ်’’ဟု ငြိမ်းချမ်း ရေး၊ အကြမ်းဖက်မှုနှင့် အကြမ်း ဖက်ဝါဒသုတေသနအတွက် ဖိ လစ်ပိုင်အင်စတီကျူဒ်ဥက္ကဋ္ဌ ဆူဂီ မန်ဒိုဆာက ပြောကြားသည်။ အဲဒီ မှာ စိန်ခေါ်မှုရှိနေပါတယ်။ ‘‘အဲဒီ အတွက် တုံ့ပြန်မှုဆိုတာ ထောက်လှမ်းရေးသတင်းမျှဝေဖို့သာ မဟုတ်ဘဲ ပူးတွဲစစ်ဆင်ရေးလုပ် ဆောင်မှုတွေပါ ရှိရပါမယ်’’ဟု မစ္စတာမန်ဒိုဆာကပြောသည်။

သို့သော်လည်း တပ်ဖွဲ့များ ပူးပေါင်းခြင်းဆိုသည်မှာ တစ်ဖက် နှင့် တစ်ဖက်ဝင်ရောက်မစွက်ဖက် ရေးဟူသော အာဆီယံအဖွဲ့၏ အခြေခံစည်းမျဉ်းကို ဖောက်ထွက် သွားနိုင်သည်။

‘‘ကျွန်တော်ကတော့ ဒါကို ကောင်းလည်း ကောင်းတယ်၊  မကောင်းလည်း မကောင်းဘူးလို့ သဘောထားတယ်’’ဟု စစ်ရေးနှင့် ကာကွယ်ရေးလေ့လာဆန်းစစ်သူ ချက်စတာကာဘယ်လ်ဇာက ဆို သည်။

‘‘အာဆီယံနည်းလမ်းနဲ့ လုပ် ပုံကိုင်ပုံမှာ အားသာချက်တချို့ လည်း ရှိတယ်။ ဘာဖြစ်လို့လဲဆို တော့ မူဝါဒဖော်ဆောင်တာနဲ့ ဆုံး ဖြတ်ချက်ချမှတ်တာမျိုးတွေမှာ ဝင်ရောက်မစွက်ဖက်ရေး ကျင့်သုံး ရတာတွေရှိနေလို့ ဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။

‘‘ဒါပေမဲ့လည်း အရပ်သား တွေကို ထိခိုက်ပြီး လက်တွေ့မှာ လည်း ဖြစ်ပျက်နေတဲ့ အကြမ်းဖက်ဝါဒမျိုးဆိုလို့ရှိရင် အဲဒီကိစ္စမျိုးကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အ တိုင်းအတာတစ်ခု၊ အကြမ်းဖက် ဝါဒဖြေရှင်းရာမှာ အချုပ်အခြာ အာဏာပိုင်မှုနဲ့ ပတ်သက်ပြီး အလျှော့အတင်းတချို့ရှိသင့်ပါ တယ်’’ဟု ချက်စတာက ဆက် ပြောသည်။

သြဂုတ် ၈ ရက်က အာဆီယံ အဖွဲ့ထူထောင်ခြင်း နှစ် (၅၀) ပြည့်ချိန်တွင် မာရာဝီတိုက်ပွဲနှင့်  အရှေ့တောင်အာရှလုံခြုံရေးမှာ ခြိမ်းခြောက်ခံနေရသည်။

ဖိလစ်ပိုင်မြေပေါ်တွင် နိုင်ငံ  ခြားတပ်ဖွဲ့များ တိုက်ပွဲများ၌ အမှန်တကယ် တိုက်ရိုက်ပါဝင် တိုက်ခိုက်ခြင်းကို ဖိလစ်ပိုင်၏ အခြေခံဥပဒေက တားမြစ်ထားပြီး အစိုးရ၏ တောင်းဆိုမှုဖြင့်သာ ပါ ဝင်နိုင်သည်။ သို့သော် ၂၀၀၄က ဆူနာမီမှာ သင်ခန်းစာယူနိုင်သော အကြောင်းအရာဖြစ်နိုင်ပါသည်။

ထိုဆူနာမီ၏ ဖျက်ဆီးမှုအ တိုင်းအတာကြောင့် ဒေသတွင်း၌ အကျပ်အတည်းများ ဖြစ်ပေါ်လာ ခဲ့ပါက မိမိတို့၏ စစ်တပ်များ အ တူတကွ ပူးတွဲလုပ်ဆောင်ကြရ မည်ကို အာဆီယံနိုင်ငံများ

သဘောပေါက်ခဲ့ကြသည်။

ထိုအချိန်မှာပင် ဘေးအန္တ ရာယ်စီမံခန့်ခွဲရေးနှင့် အရေးပေါ် တုံ့ပြန်မှု အာဆီယံသဘောတူညီ ချက်ကို အဖွဲ့ဝင်နိုင်ငံများက အ လျင်အမြန်ရေးဆွဲခဲ့ကြသည်။ သို့ သော် ယင်းသဘောတူညီချက်ကို အတည်ပြုရေးအတွက်မူ အတန် ကြာ အချိန်ယူခဲ့ရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကြား ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုအား နောက်တစ် ဆင့်သို့ မြှင့်တင်ပေးနိုင်မည်လား ဆိုသည်ကို ယခုအခါမာရာဝီကိစ္စ အား စမ်းသပ်မှုတစ်ခုအဖြစ် ရှု မြင်ကြမည်ဖြစ်သည်။

—Ref:Time to Asean to unite against the threat of homegrown terrorism ကြည်နေဝင်းမင်း

No comments:

Post a Comment