Friday, August 11, 2017

ဒဏ်ရာကြောင့် အနည်းဆုံး နှစ်ပတ်ခန့် ဆန်းချက်ဇ် နားရမည်

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက တိုက်စစ်မှူးဆန်းချက်ဇ်မှာ ကွန်မြူနတီဒိုင်းပွဲစဉ်မတိုင်မီ ရရှိခဲ့သောဝမ်းဗိုက်ဒဏ်ရာကြောင့် အနည်းဆုံးသီတင်း နှစ်ပတ်အနားယူရမည်ဖြစ်ကြောင်း သိရှိရသည်။ ဆန်းချက်ဇ်သည် ကွန်ဖက်ဒ ရေးရှင်းဖလားတွင် ချီလီအသင်းနှင့် အတူပါဝင်ကစားခဲ့ခြင်းကြောင့် အာဆင်နယ်၏ရာသီကြိုစခန်းသွင်း လေ့ကျင့်မှုသို့ နောက်ကျမှရောက်လာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယခုအခါ ဒဏ်ရာ ကြောင့် လက်စတာနှင့်ကစားရမည့် ရာသီအဖွင့်ပွဲစဉ်အား လွဲချော်ရမည် ဖြစ်သည့်အပြင် နောက်ထပ်သီတင်းပတ်အနည်းငယ်ကြာ အနားယူရမည်ဖြစ်ကြောင်း နည်းပြဝင်းဂါးက ပြောကြားခဲ့သည်။ ဝင်းဂါးက ''ဆန်းချက်ဇ်ဟာ ဝင်ဘလေကွင်းကိုမသွားခင် တနင်္ဂ နွေနေ့မနက်ပိုင်းက လေ့ကျင့်ရေး အစီအစဉ်မှာ ဝမ်းဗိုက်ဒဏ်ရာကိုခံ စားခဲ့ရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်က ဓာတ်မှန်ရိုက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ကာလအတန် ကြာအနားယူရတော့မှာပါ။ သူ့ကို အနည်းဆုံး နှစ်ပတ်ဆုံးရှုံးရတော့ မှာဖြစ်ပါတယ်''ဟု ဆိုခဲ့သည်။ KKW

No comments:

Post a Comment