Friday, August 11, 2017

ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

နွေသီးထပ်ဆန်
ဝါးတန်း ကုန်စည်ဒိုင်မှာတော့ နွေသီးထပ်ဆန်က ၁ အိတ်ကို ၃၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၂၀,၅၀၀ ကနေ ၂၀,၈၀၀ ကျပ်  ပေါက်ဈေးရှိပါတယ်။

ပဲစင်းငုံ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံက ၁ တန်ကို ငွေကျပ် ၅၁၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၄၅,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။



ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၂,၃၃၅ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၈၅ ကျပ် ဈေးတက်လာပါတယ်။

မတ်ပဲ
မတ်ပဲကတော့ ဒီနေ့မှာ ၁ တန်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ငွေကျပ် ၇၆၉,၀၀၀ ပေါက်ဈေးရှိ ပါတယ်။

နှမ်းဖြူ
မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းဖြူက ၁ အိတ်ကို ငွေကျပ် ၁၆၀,၀၀၀ ကနေ ငွေကျပ် ၁၁၉,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

နှမ်းညို
နှမ်းညိုကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၈၂,၀၀၀ ကနေ ငွေကျပ် ၉၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ကုလားပဲ v2
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ကုလားပဲv2 က ၁ တင်းကို ငွေကျပ် ၄၂,၀၀၀ ကနေ ၄၂,၅၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ တင်းကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ဆန်ပြောင်း
မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ဆန်ပြောင်းက ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်လာပြီးတော့ ၁ ပိဿာကို ၈၅၀ ကျပ် ပေါက်ဈေးရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

No comments:

Post a Comment