Saturday, August 12, 2017

ကျပ်သိန်းနှစ်သောင်းကျော်တန် မြေကွက်နှစ်ကွက် ကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မန္တလေး စည်ပင်သို့လှူဒါန်း

မန္တလေးတွင် လမ်း ဖောက်လုပ်စဉ် လမ်းကိုပိတ်နေ သည့် မြေကွက်နှစ်ကွက်နှင့်ပတ် သက်၍ ပိုင်ရှင်ဖြစ်သူကို မြို့တော် စည်ပင်သာယာရေးကော်မတီက သွားရောက်ညှိနှိုင်းစဉ် ပိုင်ရှင်က အပေးအယူတစ်စုံတစ်ရာပြုလုပ် ခြင်းမရှိဘဲ ကာလတန်ဖိုးမြေကွက် နှစ်ကွက်ပေါင်းကျပ်သိန်းနှစ် သောင်းကျော်တန်သော အဆိုပါ မြေကွက်ကို လှူဒါန်းသည်။ြေ မကွက်များကို သပိတ် ကျင်းမြို့နယ် ရေထွက်ကျေးရွာရှိ ရွှေတူးဖော်ရေးလုပ်ကွက်များ လုပ်ကိုင်ခွင့်ရ မြန်မာစည်သူရွှေ တူးဖော်ရေးကုမ္ပဏီပိုင်ရှင်ဦးဝန် ရှန်ရှုံးက လှူဒါန်းခဲ့သည်။ မဟာအောင်မြေမြို့နယ် ၄၁ လမ်းနှင့် လမ်း ၆၀ ထောင့် တွင် လမ်းဖောက်လုပ်ရန် ပေ ၄၀ × ပေ ၁၈၀ နှင့် ပေ ၄၀× ပေ ၈၀ မြေကွက်တို့သည် ပိတ်နေသဖြင့် စည်ပင်သာယာက သွားရောက် ညှိနှိုင်းစဉ် အထက်ပါပုဂ္ဂိုလ်ကလှူ ဒါန်းခဲ့ခြင်းဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇော အောင်က ပြောသည်။ ယင်းမြေ ကွက်နှစ်ကွက်စလုံးသည် ဂရန်အ မည်ပေါက်မြေကွက်များဖြစ်၍ ခိုင်မာမှုရှိသဖြင့် အလွယ်တကူ ဖျက်သိမ်း၍မရကြောင်း အထက် ပါတာဝန်ရှိသူက ရှင်းပြသည်။



အဆိုပါလမ်းဖောက်လုပ်ပြီး စီးပါက မန္တလေးမြို့ပတ်လမ်းမှ မဟာအောင်မြေမြို့နယ် ၆၈ လမ်းအထိ တိုက်ရိုက်ပေါက်ပြီး အဓိကမိန်းလမ်းမကြီးတစ်ခုဖြစ် လာမည်ဟု မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီမှ သိရ သည်။

‘‘လှူတဲ့သူက ဘာအခွင့်အ ရေးမှ၊ ဘာမှ တောင်းဆိုခြင်းမရှိပါ ဘူး။ လူမှုရေးအရ မေတ္တာရပ်ခံ တဲ့အခါမှာ လူထုအတွက်ကောင်း စားဖို့ သူကလှူဒါန်းတာဖြစ်ပါ တယ်’’ ဟု ဦးကျော်ဇောအောင်က ပြောသည်။

၄၁ လမ်းဖောက်လုပ်ရန် မဟာအောင်မြေမြို့နယ် မဟာ မြိုင်ရပ်ကွက်ပိုင်း(၂)မှ ဦးဝန်ရှန်ရှုံးအမည်ပေါက် ပေ ၄၀ × ပေ ၁၈၀ နှင့်ဇနီးဖြစ်သူ ဒေါ်ရင်ရင်ဖန် အမည်ပေါက် ပေ ၄၀ × ပေ ၈၀ တို့ကို ဩဂုတ် ၁၁ ရက်နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲလွင် ရှေ့၌ လှူဒါန်းပေးခဲ့ခြင်းဖြစ် သည်။

လှူဒါန်းခဲ့သည့် ပိုင်ရှင်သည် သပိတ်ကျင်းမြို့နယ်ရှိ မြန်မာစည် သူရွှေတူးဖော်ရေးကုမ္ပဏီ၊ W-7 Gems ကုမ္ပဏီနှင့် စိုက်ပျိုးရေးခြံ များလုပ်ကိုင်သည့် ကိုးကန့်လူမျိုး မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး မန္တလေးမြို့တွင် ၃၅ နှစ်ကြာ နေ ထိုင်ခဲ့သူဖြစ်သည်။

‘‘ဘာကြောင့်လှူဖြစ်တာလဲ ဆိုတော့ ဒီလမ်းပေါက်ရင် တ ကယ်အဆင်ပြေသွားမယ်။ ကျွန် တော်က ၃၅ နှစ်အတွင်း နေထိုင် တာမှာ မိသားစုနဲ့အတူ ချောချော မွေ့မွေ့နေထိုင်ရတယ်။ ဘာအ နှောင့်အယှက်မရှိဘူး။ စိတ်ချမ်း သာတယ်။ ပျော်ရွှင်တယ်။ နိုင်ငံ တော်ကို ကျေးဇူးတင်သင့်တယ်။ မန္တလေးမြို့ကို ကျေးဇူးတင်သင့် ပါတယ်။ စီးပွားရေးကတော့ ကျောက်တူးတယ်။ ရွှေတူးတယ်။ ခြံစိုက်ပါတယ်’’ ဟု မြေကွက်အ လှူရှင်ဦးဝန်ရှန်ရှုံးက ပြောသည်။ ဖြိုးဖြိုးဇော်

No comments:

Post a Comment