Friday, August 11, 2017

ဗန်းမောက် အင်းတော်သွား ကားလမ်းမပေါ်တွင် တရားမဝင်တမလန်းသစ်များ ဖမ်းမိ

၁၁.၈.၂၀၁၇ ရက်နေ့ နံနက် ၀၂:၃၀ ချိန် အင်းတော် /ဗန်းမောက်မြို့နယ်တို့မှ သစ်တောဝန်ထမ်းများသည် အင်းတော်မြို့နယ် မြသီတာကျေးရွာတွင် လျို့ဝှက်စောင့်ဆိုင်းနေစဉ် ဗန်းမောက်မြို့နယ်ဘက်မှမောင်းနှင်လာသည့် ယာဉ်(၁)စီးအား စစ်ဆေးရန်ဆောင်ရွက်ရာ ယာဉ်မှာ ရပ်တန့်မပေးဘဲေ မာင်းနှင် ထွက်ပြေး သွားသဖြင့် လိုက်လံခဲ့ဖမ်းဆီးခဲ့သည်။ေ မ်ာတိတ်ကျေးရွာအရောက်တွင် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ယာဉ်အားဖမ်းဆီးရမိခဲ့ပြီး ယာဉ်ပေါ်တွင် တရားမဝင်တမလန်းများကို တရားခံ(၂) ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသော တရာမဝင်သစ် သယ်ဆောင်သူများကို ဥပဒေအရ အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကသာ ခရိုင် သစ်တော ဦးစီးဌာနမှ သတင်းရရှိသည် ။

No comments:

Post a Comment