Friday, August 11, 2017

ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ မန်စီးတီးအသင်း

အာဆင်နယ်အသင်းနဲ့ လက်စတာအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုနဲ့ ဒီနေ့ညမှာ ၂၀၁၇-၁၈ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီး စတင်တော့မှာ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ချယ်လ်ဆီး၊ ငွေကြေးများစွာအသုံးပြုထားကြတဲ့ မန်ယူနဲ့မန်စီးတီး၊ အသင်းရဲ့အစုအဖွဲ့အထိုင်ကို မဖျက်ပဲရှိနေကြတဲ့ စပါးနဲ့အာဆင်နယ်၊ ဆာလက်ရှ်တစ်ဦးလောက်ကိုသာ လောက်လောက်လားလား အားဖြည့်ထားတဲ့ လီဗာပူးလ်။ အပြောင်းရွှေ့ဈေးကွက်ပိတ်ဖို့က ရက် ၂၀ လောက်လိုနေသေးပြီး အသင်းကြီးခြောက်သင်းစလုံးက ကျေနပ်လောက်တဲ့ ပြင်ဆင်မှုတွေ မရှိကြသေးပေမယ့် အားလုံးကတော့ သူတို့ရဲ့ရှိတဲ့ အင်အားနဲ့ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ငွေကြေးအများဆုံးသုံးစွဲထားတဲ့ မန်စီးတီးအသင်းက ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးမှုမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။
နာမည်ကြီးလောင်းကစား ကုမ္ပဏီတစ်ခုဖြစ်တဲ့ ၀ီလျံဟေးလ်ရဲ့ အလေးပေးမှုမှာတော့ မန်စီးတီးအသင်းက ၇လေး ၄လေး နဲ့ထိပ်ဆုံးက ဦးဆောင်နေပြီး သူ့ရဲ့နောက်မှာတော့ မန်ယူ၊ ချယ်လ်ဆီး၊ စပါး၊ အာဆင်နယ်နဲ့ လီဗာပူးလ်တို့က အစဉ်လိုက်ရပ်တည်နေကြပါတယ်။
Sportsbet.com မှာလည်း မန်စီးတီးကပဲ ၁.၀၂ နဲ့ထိပ်ဆုံးမှာ ရှိနေပြီး ချယ်လ်ဆီး၊ မန်ယူ၊ စပါး၊ အာဆင်နယ်နဲ့ လီဗာပူးလ်တို့က အစဉ်လိုက် ရပ်တည်လျက်ရှိနေကြပါတယ်။
လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်ကလည်း ဒီရာသီမှာ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးလို့ ၀န်ခံပြောဆိုထားပါတယ်။
Mizzima

No comments:

Post a Comment