Friday, August 11, 2017

အီရန်မြို့တော်ကို အကြမ်းဖက်တိုက်ခိုက်မည်ဟု အိုင်အက်စ် ကြေညာ

အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ (အိုင်အက်စ်) က အီရန်နိုင်ငံ မြို့တော် တီဟီရန်ကို အကြမ်းဖက်တိုက်ခိုက်မယ့်အကြောင်း သြဂုတ် ၉ ရက်နေ့က ဗွီဒီယိုဖိုင်ထုတ်လွှင့်ပြီး ကြေညာလိုက်ပါတယ်။ “အီရန်ကလူငယ်တွေ ဂျီဟတ်နိုင်ငံ၊ အစ္စလာမ်နိုင်ငံဆီ အပြေးလာကြဖို့ အကြံပေးလိုပါတယ်။ ရုပ်တုကိုသာ ကိုးကွယ်တတ်သူတွေရဲ့ အရိပ်လွှမ်းနေတာကို ဖယ်ထုတ်ဖို့ ခင်ဗျားတို့ တတ်နိုင်သမျှ လုပ်စမ်းပါ။ ခင်ဗျားတို့အတွက် လမ်းမပွင့်ဘူးဆိုတာ နားလည်တာနဲ့ တပြိုင်နက် ဂျီဟတ်စစ်ပွဲ စတင်လိုက်ပါတော့။ အီရန်မှာ ဂျီဟတ်စစ်ပွဲဆင်နွှဲဖို့ မီးစလေးတစပဲ လိုပါတယ်။ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ ခွေးတွေရဲ့ လည်ပင်းကို ငါတို့ဖြတ်ခဲ့တဲ့ နည်းလမ်းအတိုင်း လုပ်လိုက်ရုံပါပဲ။ တီဟီရန်မြို့လယ်မှာ အီရန်တွေရဲ့လည်ပင်းကို ငါတို့ ဖြတ်ပစ်မယ်” လို့ အိုင်အက်စ်အဖွဲ့ဝင်တွေက ပြောကြားခဲ့ပါတယ်။



ရိုက်တာသတင်းဌာနက ရရှိထားတဲ့ အဲဒီဗွီဒီယိုဖိုင်အတွင်း မျက်နှာဖုံးစွပ်ပြီး AK-47 သေနတ်ကိုင်ထားတဲ့ အိုင်အက်စ်အဖွဲ့ဝင် သုံးဦးကို မြင်တွေ့ကြရပါတယ်။

အိုင်အက်စ်အဖွဲ့ဝင် အများစုဟာ စွန်နီမွတ်ဆလင်တွေဖြစ်ပြီး ရှီးယိုက်အများစုနေထိုင်တဲ့ အီရန်ဟာ သူတို့အတွက် ဒေသတွင်းမှာ အကြီးဆုံးရန်သူ ဖြစ်ပါတယ်။

အီရန်ဟာ ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ်တွေကို နှိမ်နင်းရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ဒီ့အတွက် အိုင်အက်စ်အဖွဲ့က ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့မှာ အီရန်လွှတ်တော်နဲ့ ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခိုမေနီ (Ayatollah Khomeini) ရဲ့ ဂူဗိမာန်ကို တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။

No comments:

Post a Comment