Sunday, August 13, 2017

ဆွီဒင်သတင်းထောက် ပျောက်ဆုံးမှု ရေငုပ်သင်္ဘောပိုင်ရှင် ဖမ်းဆီးတရားစွဲခံရ

ရေငုပ်သင်္ဘော မနစ်မြှုပ်ခင် သင်္ဘောပေါ်မှာ ပါသွားတဲ့ ဆွီဒင်အမျိုးသမီး သတင်းထောက် ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဒိန်းမတ်ရေငုပ်သင်္ဘောပိုင်ရှင်ကို ဖမ်းဆီးလိုက်ပြီး တရားရုံးမှာ တရားရင်ဆိုင်နေရတယ်လို့ ဘီဘီစီသတင်းမှာ သြဂုတ်လ ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။ ပီတာမက်ဒ်ဆန် အသက် ၄၆ နှစ်က သူ ဘာမှ အမှားမလုပ်ဘူးလို့ ငြင်းဆန်လိုက်ပြီး ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မှာ သင်္ဘောမနစ်မြှုပ်ခင် အသက် ၃၀ အရွယ် အမျိုးသမီး သတင်းထောက် ကင်မ်ဝေါလ်ကို သူ ချန်ထားခဲ့ကြောင်း ပြောခဲ့ပါတယ်။ သတင်းထောက်အမျိုးသမီးရဲ့ ရည်းစားဖြစ်သူက သူမ နော်တီလက်စ် ရေငုပ်သင်္ဘောကနေ ပြန်မလာတာကို သိပြီး သြဂုတ် ၁၁ ရက်နေ့ အစောပိုင်းမှာ အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။



၁၁ ရက်နေ့ မနက်က ပျောက်ဆုံးခဲ့တဲ့ ရေငုပ်သင်္ဘောကို နောက်ပိုင်းမှာ တွေ့ရှိပြီး မစ္စတာမက်ဒ်ဆန်ကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။

ဗိုက်စ်မဂ္ဂဇင်း၊ ဂါဒီးယန်းနဲ့ နယူးယော့ခ်တိုင်းမ် သတင်းစာတွေမှာ ရေးသားတဲ့ နယူးယော့ခ်နဲ့ တရုတ်နိုင်ငံ အခြေစိုက် အလွတ်သတင်းထောက် မစ္စဝေါကို ရဲတွေက ရှာဖွေခဲ့ကြပါတယ်။

သြဂုတ် ၁၂ ရက်နေ့ တရားရင်ဆိုင်မှုအပြီးမှာတော့ မစ္စတာမက်ဒ်ဆန်ကို မတော်တဆ လူသေဆုံးစေမှုနဲ့ တရားစွဲဆိုလိုက်ပြီး ထောင်ဒဏ် ၂၄ ရက် ချမှတ်ကောင်း ချမှတ်နိုင်တယ်လို့ ဒိန်းမတ်သတင်းဌာနတွေက ပြောလိုက်ပါတယ်။

မစ္စဝေါအလောင်းကို ရှာမတွေ့ခင် ဘာကြောင့် ဒီအမှုနဲ့ တရားစွဲဆိုတယ်ဆိုတဲ့အပေါ် ရဲတွေက ဘာမှတ်ချက်မှ မပေးဘူးလို့လည်း သိရပါတယ်။

ဒိန်းမတ်လူမျိုးပီတာမက်ဒ်ဆန်က ယူစီ-၃ နော်တီလက်စ် ရေငုပ်သင်္ဘောရဲ့ ဒီဇိုင်းရေးဆွဲသူနဲ့ ပိုင်ရှင်ဖြစ်ပြီး ရေငုတ်သင်္ဘောက သြဂုတ် ၁၁ ရက်နေ့မှာ ဒိန်းမတ်ကမ်းရိုးတန်းတလျှောက် နစ်မြှုပ်ပျောက်ဆုံးခဲ့တာပါ။

မစ္စတာမက်ဒ်ဆန်က အင်ဂျီနီယာ ဝါသနာရှင် တဦးဖြစ်ပေမယ့် သူ့ရဲ့နောက်ကြောင်းနဲ့ သင်တန်းပြီးမြောက်မှုတွေကတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ သတင်းဌာနအချို့က ထုတ်ပြန်ထားပါတယ်။

သူတည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘော နော်တီလက်က်စ်ဟာ ကမ္ဘာ့အကြီးဆုံး တဦးတည်းပိုင် ရေငုပ်သင်္ဘောလို့လည်း ပြောကြပါတယ်။

ရေယာဉ်ကို ဒီနှစ်အစောပိုင်းတုန်းကလည်း ပြန်လည်ခုန်မောင်းခဲ့ပါတယ်၊ ရေငုပ်သင်္ဘောမှာ ဒီဇယ်နဲ လျှပ်စစ်မော်တာတွေပါရှိပြီး သင်္ဘောက ၁၇.၈ မီတာ အရှည်ရှိတယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment