Friday, August 11, 2017

ထိုင်းနိုင်ငံသို့ တရားမ၀င်လာရောက်သည့် မြန်မာ ၂၅ ဦးကို ပြည်ဝင်ခွင့်ငါးနှစ်ပိတ်ပြီး နေရပ်ပြန်ပို့

ထိုင်းနိုင်ငံအတွင်း တရားမ၀င်လာရောက်၍ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၂၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က ပြည်ဝင်ခွင့်ငါးနှစ်ပိတ်ပြီး မြ၀တီမြို့သို့ ပြန်ပို့ခဲ့သည်။ သြဂုတ် ၈ ရက် ညတွင် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက် မှတ်ဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ မှ ဘန်ကောက်မြို့သို့ ကွန်တိန်နာ ကားဖြင့် သွားရောက်ရန် ကြိုးစား သော မြန်မာနိုင်ငံသား ၂၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သြဂုတ် ၉ ရက်၌ ပြန်ပို့ပေးခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်း အလုပ်သမားကွန်ရက် (MMNT) အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုးက ပြောသည်။ ‘‘ခြောက်ညအိပ် ခုနစ်ရက် လို့ခေါ်တဲ့ ယာယီနယ်စပ်ဖြတ် သန်းခွင့်လက်မှတ်နဲ့ အလည်အ ပတ်လာလို့ရတဲ့ လက်မှတ်တွေနဲ့ ဘန်ကောက်ကိုသွားပြီး အလုပ် လုပ်ဖို့ လာကြတာပေါ့။ မဲဆောက် မြို့ရဲ့ ပထမဆုံးဂိတ်မှာပဲ အဖမ်း ခံရတာပဲ။ သူတို့ကို အလုပ်သမား သံအရာရှိနဲ့အတူ မဲဆောက်က နေ မြ၀တီမြို့ကို ပြန်ပို့ပေးလိုက် တာ’’ဟု ဦးမိုးကြိုးက ပြောသည်။

ဖမ်းဆီး ခံရသူများသည် အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီးငါးဦးဖြစ်ပြီး မဲဆောက်မြို့မှ ဘန်ကောက်မြိုသို့ ပို့ဆောင်ခတစ်ဦး လျှင် ဘတ်ငွေ ၁,၀၀၀ ပေးရ ကြောင်း ဦးမိုးကြိုးက ပြောသည်။
‘‘ယာယီနယ်စပ်ဖြတ်သန်း ခွင့်လက်မှတ်က တာ့ခ်ခရိုင်အ တွင်းထဲမှာကို မဲဆောက်ရယ်၊ မဲ ဆောက်မြို့အနီးက မြို့နယ်သုံးခု ရယ်ပဲ သွားလည်ပတ်လို့ရတာ။ ဘန်ကောက်အထိ သွားမရဘူး’’ဟု ဦးမိုးကြိုးက ပြောသည်။
တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းအစိုးရက ဇွန်လ ၂၀ ရက် တွင် ဥပဒေထုတ်ပြန်ဖမ်းဆီးလာ ၍ တရားမ၀င် မြန်မာလုပ်သား တစ်သိန်းခန့် နေရပ်ပြန်လာခဲ့ရ သည်။
ယင်းနောက်ပိုင်း ထိုင်း အစိုးရက ထုတ်ပြန်ထားသည့် ဥပဒေသစ်ကို ခြောက်လ ရပ်ဆိုင်းထားပြီး တရားမ၀င် မြန်မာလုပ်သားများအပါအ၀င် နိုင်ငံခြားသားများ တရားဝင်ဖြစ်ရေး စိစစ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စင်တာများသို့ မြန်မာလုပ်သား လေးသိန်းကျော် စာရင်း ပေးသွင်းထားကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထား သည်။
7Day

No comments:

Post a Comment