Sunday, August 13, 2017

မြိတ်မြို့ ကေတီဗွီတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို ဖမ်းဆီး

မြိတ်မြို့တွင် အဝေးပြေးကားဝင်း အဟောင်းရှိ ကေတီဗွီဆိုင်အတွင်း ဆိုင်ပိုင်ရှင်နဲ့ အတူ ဆိုင် အလုပ်သမား အမျိုးသမီးတွေကို မူးယစ်ဆေးဝါး ရောင်းချ/သုံးစွဲမှုနဲ့ သြဂုတ် ၁၃ ရက် မနက်ပိုင်းက ဖမ်းဆီးခဲ့တယ်လို့ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု တောရကျောင်းရပ်ကွက်၊ အဝေးပြေးကားဝင်းဟောင်း ပထမလမ်းရှိ ကေသီရီအမည် ကေတီဗွီနဲ့ ကာရအိုကေဆိုင် ဖွင့်လှစ်ထားတဲ့ ဆိုင်အတွင်း ဆိုင်ရှင်ဖြစ်သူ ဦးစိုးမြင့်နဲ့ မန်နေဂျာ ပြည့်ဖြိုးအောင်၊ စားပွဲထိုးဖြစ်သူ ဇင်မျိုး၊ အရောင်းစားရေး မကောင်းကောင်းတို့နဲ့ အတူ အလုပ်သမားတွေ အပါဝင် စုစုပေါင်း ၁၃ ဦးကို WY စာတန်းပါး စိတ်ကြွဆေးပြားတွေ ရောင်း/၀ယ် သုံးစွဲမှုနဲ့ အရေးယူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။



ဆိုင်အတွင်း မူးယစ်ဆေးဝါးတွေကို ရောင်းချသူ ဆိုင်ပိုင်ရှင် ဦးစိုးမြင့်၊ မန်နေဂျာ၊ စာရေးနဲ့ အလုပ်သမားများ စုစုပေါင်း ၁၃ ဦးတို့ဟာ ဆိုင်းအတွင်း ပလတ်စတစ်ကော်ဘူး အရွယ်အစား ဆိုဒ်မျိုးစုံ၊ ဆေးထိုးအပ် ဂစ်မီးခြစ်များ၊ မူးယစ်ဆေးဝါးတွေကို အသုံးပြုရာမှာ သုံးစွဲသော ခဲပြားတွေ၊ ဖန်ပုလင်းများအပါဝင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ပြားတို့ကို လက်ဝယ် သုံးစွဲ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မြိတ်မြို့မရဲစန်းက မူးယစ်ဆေးဝါးတွေကို လက်ဝယ်ထားရှိ ရောင်း/ချ သုံးစွဲမှုနဲ့ ဆိုင်ပိုင်ရှင်အပါအ၀င် စုစုပေါင်း ၁၃ ဦးတို့ကို မူး/ စိတ်ပုဒ်မ-၁၅(က)/၂၀(က)/၂၁ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ဇော်ဇော် (မြိတ်)

No comments:

Post a Comment