Sunday, August 13, 2017

အစိုးရအောက် တပ်မတော်ရှိရေးဟာ အနောက်တိုင်း အယူအဆလို့ဆို

အရပ်ဘက်အစိုးရအုပ်ချုပ်မှုအောက်မှာ စစ်တပ်ရှိရမယ် ဆိုတာ အနောက်တိုင်း အယူအဆသာဖြစ်ပြီး မြန်မာနိုင်ငံမှာကျင့်သုံးဖို့ မဆီလျော်ဘူးလို့ တပ်မတော်အရာရှိတဦးက ပြောလိုက်ပါတယ်။ေ နပြည်တော်မှာကျင်းပနေတဲ့ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲမှာ တပ်မတော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်မြင့်ဦးက သြဂုတ်လ ၁၂ ရက်နေ့မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ ၃ ရက်ကြာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒီ ဖိုရမ်ကို ကုလသမဂ္ဂ နဲ့ နိုင်ငံတကာက သံတမန်တွေ၊ နိုင်ငံတကာက ပညာရှင်တွေ၊ ပြည်တွင်း ပညာရှင်တွေနဲ့ စီပွားရေး လုပ်ငန်းရှင်တွေနဲ့အတူ ၈၈ ငြိမ်းပွင့်အဖွဲ့ခေါင်းဆောင်တွေလည်း တက်ရောက်ကြပါတယ်။ BBC Burmese

No comments:

Post a Comment