Saturday, August 12, 2017

ပုဂ္ဂလိက မြေပဲဆီ၊ နှမ်းဆီစက် ၉၀ ရာခိုင်နှုန်း ပိတ်သိမ်းသွားဟုဆို

စားသုံးဆီဈေးကွက် အတွင်း ရောနှောဆီများနှင့် ယှဉ် ပြိုင်ရောင်းချနိုင်ခြင်း မရှိ၍ မြေပဲ နှင့် နှမ်းဆီဈေးကွက် ဝေစုနည်း လာသဖြင့် ပုဂ္ဂလိကဆီစက်သုံး ထောင်ကျော်၏ ၉၀ ရာခိုင်နှုန်း ပိတ်သိမ်းခဲ့ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုးက ပြောသည်။ ယခုနှစ်တွင် မြေပဲဆီစက် သုံးရာခန့်သာ ကျန်ရှိပြီး မြေပဲဆီ သန့် တစ်ပိဿာလျှင် ကျပ် ၄,၅၀၀ ဖြင့် ရောင်းချချိန်၌ ရော နှောဆီ တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ ဖြင့် ရောင်းနေခြင်း ကြောင့် မြေပဲဆီသည်ရောနှောဆီ ကို မယှဉ်နိုင်ကြောင်းဦးခင်စိုးက ဆက်လက်ပြောကြားသည်။



‘‘မြန်မာနိုင်ငံမှာ စားသုံးဆီ အတုတွေ၊ ရောနှောဆီတွေ၊ ဓာ တုအနံ့ဆီတွေ ဈေးလျှော့ရောင်း နေတော့ ဆီစက်တွေ အခုအချိန် မှာ ၉၀ ရာခိုင်နှုန်း ရပ်သွားပြီ။ ရောနှောဖို့ ဓာတုအနံ့တွေက တရုတ်နဲ့ အိန္ဒိယကလာတာ’’ဟု ဧရာဝတီ မြေပဲဆီ စက်ပိုင်ရှင် လည်းဖြစ်သူ ဦးခင်စိုးက ပြော ကြားသည်။

ဈေးကွက်အတွင်းရှိ ကျန်း မာရေးနှင့် မညီညွတ်သော ရော နှောဆီများနှင့် ဓာတုအနံ့ဆီများ ကို ဖမ်းဆီးအရေးယူနေသော် လည်း ထိရောက်စွာ ဆောင်ရွက် နိုင်ခြင်းမရှိပါက လက်ကျန်ဆီ စက်များပါ ပိတ်သိမ်းသွားနိုင် ကြောင်း ယင်းအသင်း အတွင်း ရေးမှူး ဦးအောင်ကျော်ကျော်က ပြောသည်။

‘‘အဓိကကတော့ ဈေးကွက် ထဲမှာ ရောနှောဆီတွေ၊ ဓာတု အနံ့ဆီတွေရှိနေပြီး ဈေးနှုန်းက ထက်ဝက်လောက်ကွာတော့ သူ တို့နဲ့ယှဉ်ရောင်းလို့ မရတော့လို့ပဲ’’ ဟု မြင်းခြံမြို့ ၉၉၉ ဆီစက်ပိုင်ရှင် လည်းဖြစ်သူ ဦးအောင်ကျော် ကျော်က ပြောသည်။

ဈေးကွက်ထဲတွင် တစ်ပိဿာလျှင်ကျပ် ၁,၇၀၀ တန်စား အုန်းဆီကို မြေပဲဆီအနံ့သွင်းပြီး တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ ဖြင့် ရောင်းချနေ၍ မြေပဲဆီထုတ် လုပ်သူများ ရောင်းအားကျဆင်း ခဲ့ကြောင်း မြန်မာနိုင်ငံ ဆီစက် ပိုင်ရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောသည်။

‘‘လက်ရှိအချိန်မှာ စက်ရုံ တွေ ရပ်သွားရတာတော့ စားသုံး ဆီ ဈေးကွက်ထဲမှာ စားအုန်းဆီ တွေနဲ့ အတုအပတွေဖြစ်တဲ့ မြေပဲ ဓာတုအနံ့တွေထည့်ပြီး ဈေး လျှော့ရောင်းတော့ ရောင်းအား ကျသွားလို့ပဲ’’ ဟု မုံရွာမြို့ရှိ စိုးမိုး ထွန်းဆီစက်ပိုင်ရှင် ဦးထွန်းထွန်း ဦးကလည်း ပြောသည်။

အင်းစိန်မြို့နယ်၌ နေထိုင် သော အိမ်ထောင်ရှင်မတစ်ဦးက မြေပဲဆီအစစ်များ တံဆိပ်တပ်၍ ရောင်းချရာ ဧရာဝတီမြေပဲဆီ သည် လက်လီဈေးနှုန်း တစ်ပိဿာလျှင် ကျပ်၅,၄၀၀ နှင့် အမေထွားမြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၅,၅၀၀ ဖြင့် ဝယ်ယူစားသုံးနေကြောင်း ပြောသည်။

မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ ထုတ်လုပ် ရောင်းဝယ်သူများ အသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ‘‘ဆီစက်တွေ မကြိတ်နိုင် တော့ဘဲ ပိတ်လိုက်တော့ မွေးမြူ ရေးအစာအတွက် လိုအပ်တဲ့ ပဲဖတ်၊ နှမ်းဖတ်တွေကို ပြည်ပက ဝယ်ပြီး ဆီနဲ့အဖတ်တွေ ဖြည့်နေ ရတယ်။ အခုတောင် တစ်နိုင်ငံ လုံးရဲ့ဆီစက် ၉၀ ရာခိုင်နှုန်း မရှိ တော့ဘူးလေ’’ဟုပြောသည်။

စားသုံးဆီ လိုအပ်ချက်ကို ပြည်ပမှ စားအုန်းဆီတင်သွင်း ရောင်းချမှုဖြင့် ဖြည့်ဆည်းနေရာ စားသုံးသူ၊ ဆီစက်ပိုင်ရှင်နှင့် အလုပ်သမားပြည်သူများ အားလုံး စီးပွားရေး၊၊ အလုပ်အကိုင်နှင့် ကျန်းမာရေးများ ထိခိုက်လာနိုင် ကြောင်း ဒေါက်တာသက်မှူးက ပြောသည်။

‘‘မြေပဲဆီတု၊ နှမ်းဆီတုတွေ ကို ၂,၀၀၀ လောက်နဲ့ ရောင်းနေ တဲ့သူတွေ မရှိအောင် လုပ်ရမှာ။ ရိုးသားမှုမရှိတဲ့၊ တရားမျှတမှုမရှိ တဲ့ လိမ်လည်ကောက်ကျစ်သူတွေ မရှိတော့တဲ့အထိ ဆောင်ရွက်ရ မှာ၊ မြေပဲဆန်စိုက်တောင်သူတွေ အကျိုးရှိအောင်လည်း မျိုးကောင်း မျိုးသန့် စိုက်ပျိုးရေးနည်းလမ်းနဲ့ သွင်းအားစုတွေ ပံ့ပိုးပေးရမှာ’’ဟု ဦးခင်စိုးက ပြောသည်။ သန်းဌေး

No comments:

Post a Comment