Saturday, August 12, 2017

လီဗာပူးမှ ပြောင်းရွှေ့ခွင့်ရရေး ကော်တင်ဟို တရားဝင်တောင်းဆို

ဘာစီလိုနာသို့ ပြောင်း ရွှေ့ခွင့်ရရေး လီဗာပူးကွင်းလယ် လူ ကော်တင်ဟိုက လီဗာပူးအ သင်းကို တရားဝင်တောင်းဆို သည်။ သို့သော် လီဗာပူးအသင်း က ၎င်းကို ရောင်းချရန် မစဉ်းစားသေးဘဲ ပြောင်းရွှေ့ခွင့်ကို ပယ်ချခဲ့သည်။ လီဗာပူးအသင်းပိုင်ရှင် Fenuay Sports Group က ကော်တင်ဟိုအတွက် ကမ်းလှမ်းမှုများကိုစဉ်းစားမည်မဟုတ်ကြောင်း ထုတ်ပြန်ပြောကြားပြီးနောက် ကော်တင်ဟိုထံမှ တရားဝင်ပြောင်းရွှေ့ခွင့်တောင်းခံလွှာကို အီးမေးလ်မှတစ်ဆင့် ရှိခြင်းဖြစ် သည်။ေ က်ာတင်ဟို၏ ပြောင်းရွှေ့ ခွင့်တောင်းခံလွှာရရှိပြီးနောက်မှာပင် ကစားသမားကို ရောင်းချရေး စဉ်းစားမည်မဟုတ်ဟူသော ရပ်တည်ချက် မပြောင်းလဲသေး ကြောင်း လီဗာပူးသတင်းရင်းမြစ် က ထပ်မံပြောကြားသည်။



ဘာစီလိုနာက ကော်တင်ဟို ကို ၀ယ်ယူရေး ယူရို သန်း ၁၀၀ ဖြင့် ဒုတိယအကြိမ် ကမ်းလှမ်းမှု ကို လီဗာပူးက ထပ်မံပယ်ချပြီး နောက် ယင်းကိစ္စပြီးပြတ်ပြီဟု လီဗာပူးကသဘောထားသည်။

အပြောင်းအရွှေ့ကိစ္စ ပြေ လည်စေရေး ကော်တင်ဟိုဘက် က အတတ်နိုင်ဆုံးကြိုးစားခဲ့သော် လည်း မအောင်မြင်ခဲ့ဟု ကော် တင်ဟို၏ မိသားစု သတင်းရင်း မြစ်ကို ကိုးကား၍ Sky သတင်း ဌာနက ဖော်ပြသည်။

လီဗာပူးနည်းပြ ဂျာဂန် ကလော့ပ်ကလည်း ကော်တင်ဟို ကို ရောင်းချမည်မဟုတ်ဟု ထပ် ခါထပ်ခါပြောကြားခဲ့ပြီး ပိုင်ရှင် များထံမှ ထုတ်ပြန်ချက်ထွက်ပေါ် လာချိန်တွင် ယင်းကိစ္စ ၁၀၀ ရာခိုင်နှုန်း ရှင်းလင်းသွားပြီဟု ပြောကြားသည်။

ကော်တင်ဟိုသည် လော လောဆယ်တွင် နောက်ကျော ဒဏ်ရာဖြင့် လီဗာပူး၏ အဖွင့်ပွဲ ၀က်ဖို့ဒ်နှင့် ပွဲ၌ ပါဝင်နိုင်မည်မ ဟုတ်ဘဲ သြဂုတ်၁၅ ရက် ဟော်ဖန်ဟိုင်းနှင့် ချန်ပီယံလိဂ် ရှုံးထွက်အ ဆင့် ခြေစစ်ပွဲ ပထမအကျော့တွင် လည်း ပါဝင်ရန် မသေချာပေ။

-Ref:ESPN/Goal

No comments:

Post a Comment