Friday, August 11, 2017

လူတစ်ဦး ကြိုးဆွဲချ သေဆုံး

၁၁.၈.၂၀၁၇)ရက်နေ့ မနက်(၇:၄၅)မိနစ် အချိန်တွင် လားရှိုးမြို့ မြို့ဝင်မုခ်ဦး အနီး၊ မြို့ပတ်လမ်းရှိ ညောင်ပင် ပေါ် (ခန့်မှန်းအမြင့်ပေ-၃၀)တွင် လူတစ်ဦး ကြိုးဆွဲချ သေဆုံးနေပါသဖြင့် ကိုနေမျိုး(Lashio News) မှ ကူညီပေးပါရန် အကြောင်းကြားလာပါသည်။လားရှိုးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊လားရှိုးမြို့ဗဟိုမီးသတ်မှ ကယ်ဆယ်ရေး အဖွဲ့ဝင်များ၊လားရှိုးလူငယ်များလူမှုကူညီရေးအသင်း၊ကမ္ဘောဇလူမှုကူညီရေးအသင်း နှင့်ပေးသောလက်စေတနာရှင် အသင်းတို့ ပူးပေါင်းဆောင်ရွက်ပြီး သေဆုံးသူအား လားရှိုးပြည်သူ့ဆေးရုံကြီး အရေးပေါ်သို့၊ထိုမှတစ်ဆင့် ရင်ခွဲရုံ သို့ ကမ္ဘောဇလူမှုကူညီရေးအသင်းကားဖြင့် တင်ဆောင်၍ ပို့ဆောင်ပေးခဲ့ပါသည်။

No comments:

Post a Comment