Friday, August 11, 2017

မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ် ဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပ

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ရရှိ ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် "မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ"ကို ယနေ့ နေပြည်တော်ရှိ MICC - 2 တွင် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အဖွင့်စကား ပြောသည်။ေ ဒ်ါအောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကိစ္စကို ဦးစားပေး၍ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်များကို နှိုင်းယှဉ်ပြောကြားခဲ့သော်လည်း အမျိုးသား ရင်ကြားစေ့ရေး၊ စစ်ဘက် - အရပ်ဘက် ဆက်ဆံရေးနှင့် ပတ်သက်၍ တစုံတရာ မှတ်ချက်ပြု ပြောကြားခြင်း မရှိခဲ့ပါ။ ယခု ကျင်းပလျက်ရှိသည့် နိုင်ငံတကာမှ အသွင်ကူးပြောင်းရေးဆိုင်ရာ ပညာရှင်များ၊ သံအမတ်ကြီးများ၊ ပြည်တွင်းမှ ပညာရှင်များ၊ ဌာနဆိုင်ရာ အရာရှိကြီးများဖြင့် ၃ ရက်တိုင်တိုင် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment